သတင်းများ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေ
Jan 01,2024
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများတွင် အသိပညာပေးဖြန့်ဝေပေးလျက်ရှိသည်။
ချောက်မြို့ စက်မှုလက်မှုသိပ္ပံကျောင်းတွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ
Jan 01,2024
 မ​ကွေးတိုင်း​ဒေသကြီး၊​​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်)မှ ဆရာ၊ ဆရာမနှင့်ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးရည်ရွယ်၍ ယနေ့နံနက်(၈)နာရီအချိန်က အမှတ်(၁၅)ရပ်ကွက်၊ တိုးချဲ့ရပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်) ကျောင်းဝင်းအတွင်း၌ ​ရောင်းချ​ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်
Jan 01,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်းသိရသည်။
ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jan 01,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများမူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲများကျင်းပ
Jan 01,2024
တောင်သာမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဌာနဆိုင်ရာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်ကစ၍ မြို့နယ်အားကစားကွင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်၊၊
နတ်မောက်မြို့နယ် ချောင်းနက်ကျေးရွာတွင် ဆီထွက်သီးနှံနေကြာများ အောင်မြင်ဖြစ်ထွန်း
Jan 01,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ချောင်းနက်ကျေးရွာရှိ တောင်သူများသည် ဆီထွက်သီးနှံနေကြာများကို အလေးထားစိုက်ပျိုးလာကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စိုက်ပျိုးသူ ဦးထွန်းထွန်းထံက သိရသည်။
နွားထိုးကြီးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 01,2024
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဘင်ခရာပစ္စည်း၊ဝတ်စုံများ ပေးအပ်ပွဲနှင့်သတန်းဆင်းပွဲ တတ်ရောက်ပေးအပ်
Jan 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဘင်ခရာပစ္စည်း၊ ဝတ်စုံများ ပေးအပ်ပွဲနှင့် သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သော်ကဆောင်)ခန်းမ၌ ကျင်းပခဲ့သည်။