သတင်းများ

၂၀၂၃ ခုနှစ် ပုဂံဒေသ၏  နေဝင်ဆည်းဆာကြည့်ရှုရန် နေဝင်ဆည်းဆာကြည့် တောင်ကုန်းများတွင် ကြည့်ရှုသူများပြား
Dec 31,2023
နှစ်သစ်ကူးရုံးပိတ်ရက် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်ဘုရား၊ ပုထိုးများ၊ သမိုင်းဝင်သာသနိက အဆောက်အအုံများတွင် လာရောက်လေ့လာသူ၊ ဘုရားဖူးသူများပြားနေကြောင်းနှင့် ပုဂံနေဝင်ချိန် နေဝင်ဆည်းဆာ ကြည့်ရှုရန် ပြုလုပ်ထားသည့် နေဝင်ဆည်းဆာကြည့် တောင်ကုန်းတုများပေါ်တွင် ပုဂံနေဝင်ဆည်းဆာကြည့်ရှုရန် တောင်ကုန်းများပေါ်သို့ လာရောက်သူများပြားလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
နှစ်သစ်ကူးရုံးပိတ်ရက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး ခရီးသွားများလာ‌ ရောက်မှုများပြား
Dec 31,2023
နှစ်သစ်ကူးရုံးပိတ်ရက် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသည့် ပြည်တွင်းခရီးသွားများ များပြားခဲ့ကြောင်း ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးသန်းမြင့် ဦးထံကသိရသည်။
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စဉ့်ကိုင်မြို့နယ် ကင်းလပ်ကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Dec 31,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ကင်းလပ်ကျေးရွာတွင် VDP  စီမံကိန်းဖြင့် ဆောင်ရွက်သောကွန်ကရစ်လမ်းသစ်အား ယနေနံနက်(၉)နာရီခွဲက ကွန်ကရစ်လမ်းသစ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ ဓမ္မသုခကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(ငြိမ်း)ပြည်နယ်ဩဝါဒစရိယ၊ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနာသာဓုကီဠနပူဇာသဘင် အခမ်းအနားသို့ တက်ရောက်
Dec 31,2023
သာသနာ ၂၅၆၇၊ကောဇာ ၁၃၈၅ ရခိုင်ကဆန်လဆန်း(၂)ရက်၊  ၂၀၂၃ ခုနှစ်၊ မေလ၊ ၂၀ ရက် စနေနေ့၊ ည၃ နာရီအချိန်တွင်  ဘဝနတ်နန်းစံမြန်းတော်မူသော ရခိုင်ပြည်နယ် စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက် စစ်တွေမြို့ ဓမ္မသုခကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(ငြိမ်း)ပြည်နယ်ဩဝါဒစရိယ၊ သာသနာဓဇ ဓမ္မာစရိယ၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ သက်တော်(၇၉)နှစ်၊ သိက္ခာတော်(၅၉)ဝါ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနာသာဓုကီဠနပူဇာသဘင်အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါကျောင်း၌ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ (၁၂)ကြိမ်မြောက် (၂)နှစ် ဒီပလိုမာသင်တန်းဆင်းပွဲ၊ (၁၃)ကြိမ်မြောက် သင်တန်းဖွင့်ပွဲနှင့် တန်ဖဲနှစ်ခြင်းခရစ်ယာန်အသင်းတော် (၇၅)နှစ်မြောက် ယုဘိလစိန်ရတုနှင့် ဗိမ္မာန်တော် အနုမောဒနာပြုဓမ္မသဘင်ပွဲတော်သို
Dec 31,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ (၁၂)ကြိမ်မြောက် (၂)နှစ် ဒီပလိုမာသင်တန်းဆင်းပွဲနှင့် (၁၃)ကြိမ်မြောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ ဘုန်းတော်ကြီးကျောင်း သာသနာ့ဟိတဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဝင်၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသအမှူးပြုသော ဆရာတော်သံဃာတော်များ တက်ရောက်ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မြစ်ကြီးနား အမှတ်(၁)နှင့် အမှတ် (၂)ဈေးမိသားစုများ၏ ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်အားပေး၊ ဈေးဝန်ထမ်းများနှင့် မျက်မမြင်ကျောင်းတို့ထံ ထောက်ပံ့ပစ္စည်းများပေးအပ်
Dec 31,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အမှတ်(၁)၊ အမှတ်(၂)ဈေးနှင့် ရေစင်ကွင်းဈေး မိသားစုများ၏ ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ဈေးနှစ်ဈေးခြားရှိ ‌ဈေးကြီးလမ်းမပေါ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့ တက်ရောက်အားပေးကြသည်။
မလှိုင်မြို့နယ် ဆပ်ခင်းကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ တည်ဆောက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်‌ဆေး
Dec 31,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် အဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့နံနက်(၁၁)နာရီခွဲအချိန်က ကျပ်ဆည်ကျေးရွာအုပ်စု ၊ ဆပ်ခင်းကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ အဆောက်အဉီနှင့် ဝန်ထမ်းအိမ်ယာဆောက်လုပ်ပြီးစီးမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
တောင်ငူမြို့၌ ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Dec 31,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပသည်။