သတင်းများ

မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jan 01,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ် အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာ‌ပေး Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက မင်းလှမြို့ ဇေယျာသီရိဈေးတွင် ဈေးရောင်းစျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင် ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်နှင့် အင်ဖက်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့သည်။
ဖောင်းပြင်မြို့၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jan 01,2024
၂၀၂၄ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့်  စာစီစာကုံးပြိုင်ပွဲကို  ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန် ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းလျာထားချက်များ ရှင်းလင်းတင်ပြခြင်း အစည်းအဝေး( ၄ / ၂၀၂၃ ) သို့ တက်ရောက်
Jan 01,2024
ချင်းပြည်နယ်အတွင်း ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းလျာထားချက်များ ရှင်းလင်းတင်ပြခြင်းအစည်းအဝေး (၄/၂၀၂၃) ကို ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Jan 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် ငွေတောင်တောရပရိယတ္တိစာသင်တိုက်၌ (၁၄)ကြိမ်မြောက် ကျေးဇူးဆပ်ပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပ
Jan 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ ငွေတောင်တောရပရိယတ္တိစာသင်တိုက်မှ ဘဝနတ်ထံ စံလွန်တော်မူသွားကြကုန်သော ကျေးဇူးတော်ရှင် မဟာထေရ်မြတ်ကြီးများနှင့် သက်တော်ရှည်ဆရာတော်များအား ငွေတောင်တောရ ပရိယတ္တိစာသင်တိုက်နွယ်ဖွား တပည့်သံဃာတော်များ၊ ဒကာ၊ ဒကာမများက ကျေးဇူးဆပ်ပူဇော် ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာသင်တိုက်ရှိ ဦးရှောင်ဟိုဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။
မင်းဘူးမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် နေ့စဉ်ဆောင်ရွက်
Jan 01,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က နေ့စဉ်တာဝန်ကျဝန်ထမ်းများဖြင့် အမြဲမပြတ် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်ထံမှ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစင်းငုံစိုက်ခင်းများ စတင်ရိတ်သိမ်းနေပြီး ဈေးကောင်းရရှိသဖြင့် တောင်သူများအဆင်ပြေ
Jan 01,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အညာတောင်သူများ၏ အဓိက စိုက်ပျိုးသီးနှံများအနက် တစ်ခုဖြစ်သည့် ပဲစင်းငုံသီးနှံများ အောင်မြင်ဖြစ်ထွန်းခဲ့၍  ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းလျက်ရှိနေကြပြီး၊ ဈေးကောင်းရရှိသဖြင့် ယခုနှစ် ပဲစင်းငုံစိုက် တောင်သူများ အဆင်ပြေကြကြောင်း သိရသည်။  
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ) ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နေ့လယ်စာ အတူတကွသုံးဆောင်
Dec 31,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊  ပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ) ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နေ့လယ်စာ အတူတကွသုံးဆောင်ကြသည်။