မကွေး ဒီဇင်ဘာ ၃၁
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင်ကျင်းပလျက်ရှိသည့်နည်းတူ မကွေးတိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (ရဲကျောင်း) ရှေ့၌ကျင်းပရာ စုပေါင်းလမ်း လျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများ ပါဝင်ဆင်နွှဲကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အလံအချက်ပြ၍ လမ်းလျှောက်ပွဲကိုဖွင့်လှစ်ပေးပြီး စတင်ကာ အခြေခံပညာအလယ်တန်းကျောင်း (ရဲကျောင်း) ရှေ့မှစတင်ကာလမ်းငါးသွယ်အဝိုင်း၊ ထိုမှတစ်ဆင့် တက္ကသိုလ်လမ်း၊ မေတ္တာလမ်းနှင့် အ.ထ.က(၁)လမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြပြီး မကွေးခရိုင် အားကစားကွင်းတွင် ကိုယ်ကာကယကြံ့ခိုင်မှုလေ့ကျင်ခန်း အတွဲ(၁)နှင့် အတွဲ(၂)တို့ကို တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက သရုပ်ပြသပေးခဲ့ရာ စုပေါင်း ကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ်အတွဲအမှတ်(၁)နှင့်အမှတ်(၂)တို့ကို စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ကြသူများက တက်ကြွစွာပါဝင်ဆောင်ရွက်ကာ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စုပေါင်းလမ်းလျှောက်သူများအား စားသောက်ဖွယ်ရာ မုန့်နှင့် ရေသန့်ဘူးများ ဖြန့်ဝေပေးခဲ့သည်။
စုပေါင်းလမ်းလျောက်ပွဲအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာအားကစားလ အားကစားပြိုင်ပွဲများအဖြစ် အမျိုးသား/အမျိုးသမီး လွန်ဆွဲဗိုလ်လုပွဲနှင့် အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ဒီဇင်ဘာလအားကစားလ ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုး သမီးအားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား တစ်သောင်းရှစ်ထောင်ကျော် ပါဝင်ဆင်နွှဲခဲ့ပြီး၊ အလားတူ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ယနေ့နံနက်ပိုင်းက ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ အင်အားနှစ်သောင်းခွဲဖြင့် လည်းကောင်း အသီးသီးပါဝင်ဆင်နွှဲခဲ့ကြသဖြင့် တိုင်းဒေသကြီးတစ်ခုလုံးတွင် စုစုပေါင်းအင်အား လေးသောင်းကျော် တစ်ပြိုင်တည်း ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ