သတင်းများ

ကျောက်တံခါးမြို့နယ် အ-ထ-က(အနောက်ရပ်)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 10,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် အခြေခံပညာအထက်တန်း (အနောက်ရပ်)ကျောင်းတွင် ၂၀၂၃-၂၀၂၄ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းသူ/ သားများ ကာယ/ ဉာဏ/ စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်း (အနောက်ရပ်) စံပယ်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တမူးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းရှိ အလံတိုင်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် ပြည်လုံးကျွတ် ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရေး လက်ကမ်းစာစောင်များ ပြည်သူများအားဖြန့်ဝေ
Jan 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှထုတ်ဝေသည့် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပြည်လုံးကျွတ်သန်းခေါင်စာရင်း (၂၀၂၄) လက်ကမ်းစာစောင် (၂၀၀)စောင်ကို မိဘပြည်သူများသိရှိနိုင်ရန်အတွက် ဇန်နဝါရီလ ၁၀ ရက်နေ့နံနက် ၈ နာရီခွဲအချိန်မှစ၍ ဖြန့်ဝေပေးကြကြောင်း သိရသည်။
ဓနုဖြူမြို့တွင် အမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (ကျောပိုးအိတ်အဖွဲ့)မှ ဒေသခံပြည်သူများအား ဖျော်ဖြေပွဲကျင်းပ
Jan 10,2024
ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ်(၁၀၈)ခြေမြန်တပ်ရင်းတန်းစီကွင်းတွင် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ အမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(ကျောပိုးအိတ်အဖွဲ့)မှ ဒေသခံပြည်သူများအား ဖျော်ဖြေပွဲကို ယမန်နေ့ ည(၇) နာရီအချိန်က ကျင်းပပြုလုပ်သည်။
ညောင်တုန်းမြို့၊ ပန်းဧရာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ပန်းဧရာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်‌နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်(အ.မ.က)မူလွန်ကဒါကမ်းနားကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့်  ပညာရေးစုံညီပွဲတော် ပြုလုပ်
Jan 10,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.မ.က)မူလွန်ကဒါကမ်းနားကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ်ပြုလုပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ရန်ကင်းမြို့နယ် အ.ထ.က(၂)ကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 10,2024
ရန်ကင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည် ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျောင်းအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရေကြည်မြို့နယ် ရေနံ့သာ-ဂွ-ကားလမ်းအနီး မိဿလင်ကျေးရွာအုပ်စုတွင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရရှိ
Jan 10,2024
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ရေနံ့သာ-ဂွ-ကားလမ်းအနီး မိဿလင်ကျေးရွာအုပ်စု ကွင်းချောင်းကြိုးဝိုင်း ကုန်းပြင်နယ်မြေ အကွက်အမှတ် (၂၅/၂၆)နယ်နိမိတ်၊ ဦးကုလားလမ်း ကုန်းပြင်ရဲစခန်းအနောက်ဘက် (၁၃)မိုင်ခန့်အကွာတွင် စုပုံထားသော တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများကို မြို့နယ်သစ်တောဦးစီးဌာနမှ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်ခန့်က ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။