မြိတ်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ အမျိုးသမီးငယ်များအား အသိပညာပေးဟောပြော
Jun 21,2023
နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း တက်ရောက်လျက်ရှိကြသော သင်တန်းသူ အမျိုးသမီးငယ်များအား ယနေ့နံနက်ပိုင်းက အသိပညာပေးဟောပြောပွဲ များပြုလုပ်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးဟောပြောခဲ့ကြသည်။