ပေါင် ဇန်နဝါရီ ၁၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.မ.က)မူလွန်ကဒါကမ်းနားကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ်ပြုလုပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ပညာပန်းခင်းသီချင်းဖြင့် အဖွင့်သီချင်းသီဆိုခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးအောင်သိန်းနှင့် ကျောင်းအုပ်ဆရာမကြီးဒေါ်လေးဖြူဖြူတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အဆင့်နှင့်ကျောင်းအတွင်း ထူးချွန်သောကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ဒုတိယပိုင်းအနေဖြင့် “ကြိုဆိုပါ၏စုံညီပွဲတော်” သီချင်းဖြင့် ကျောင်းသား၊ ကျောင်းသူများက ဆက်လက်သီဆိုပြီး မွန်ရိုးရာအကအပြင်အခြားအကမျိုးစုံတို့ဖြင့်လည်း သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ ဆက်)