သတင်းများ

ပုဏ္ဏားကျွန်းမြို့၌ ATOM (ဆက်သွယ်ရေးကုမ္ပဏီ) နှင့် We Love Rakhine ပရဟိတလူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ မုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ပစ္စည်းများ လာရောက်ထောက်ပံ့ပေးအပ်
Jun 21,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မုန်တိုင်းသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက ATOM (ဆက်သွယ်ရေးကုမ္ပဏီ) နှင့် We Love Rakhine ပရဟိတလူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်ရှိ တော်ဝင်လခြမ်းမြေကုမ္ပဏီခြံဝင်း၌ ကူညီကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ မူးယစ်ဆေးဝါး တိုက်ဖျက် နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Jun 21,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နေ့လည် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်၌ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Jun 21,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာသီရိ​မြို့နယ်အတွင်းရှိ ပြည်သူ (၁၄၆) ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံ
Jun 21,2023
ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူ (၁၄၆) ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟော ပြောပွဲပြုလုပ်
Jun 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ယာဉ်စည်းကမ်းနှင့်လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကိုယမန်နေ့နေ့လယ်(၁)နာရီက အ.ထ.က (ခွဲ)ပုလုံးတုံတုံး ကျောင်းတွင်ပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ
Jun 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မား၍  ဗဟုသုတရရှိစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ( ၁ )နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။    
မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jun 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာနိုင်သည့် စာ‌ပေချစ်သူ၊ စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့် အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေယုံမက မှတ်စုစာအုပ်တွင် မှတ်သားသင့်သည့်များကို မှတ်သားထားခြင်းဖြင့် နောင်တစ်ချိန်တွင် တန်ဖိုးရှိသည့်စာပေများအဖြစ် အသုံးချတက်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။