သတင်းများ

ကြို့ပင်ကောက်မြို့ မြို့မဈေးမီးဘေးလုံခြုံရေးသရုပ်ပြပွဲကျင်းပ
Jan 10,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့မဈေးမီးဘေးလုံခြုံရေးသရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်း ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီ အချိန်ကဆောင်ရွက်ခဲ့သည်။
ရွှေကျင်မြို့တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးသင်တန်းဖွင့်လှစ်
Jan 10,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မကျည်းတန်းရပ်ကွက်၊ ရွှေကျင်မူလတန်းကြိုကျောင်း (အပေါ်ထပ်)တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
ငွေဆောင်မြို့၊အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းပညာရေးစုံညီပွဲတော်အကြို နိဗ္ဗာန်စျေးပွဲတော်ကျင်းပ
Jan 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာ မူလတန်းကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျောင်းပညာရေး စုံညီပွဲတော် (အကြို) ကျောင်းသား မိဘများ စုပေါင်း၍ နိဗ္ဗာန်စျေးပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၅) အခြေခံပညာမူလတန်း(လွန်) ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jan 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ မြို့ပတ်လမ်းနှင့် မြို့မလမ်းဆုံရှိ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က (ငွေဆောင်)၌ ကျောင်းပညာ စုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ယမန်နေ့ နံနက်(၉) နာရီက အဆိုပါကျောင်းရှိ မြသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့ အ.ထ.က(ခွဲ)ဗိုလ်တေဇကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 10,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဗိုလ်တေဇကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
သံဖြူဇရပ်မြို့နယ်၌ နွေစပါးနှင့် ဆောင်းသီးနှံနေကြာစိုက်ပျိုးပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 10,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ နွေစပါးစိုက်ပျိုးပြီးစီးမှုနှင့် ဆောင်းသီးနှံနေကြာစိုက်ပျိုးပြီးစီးမှုများအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က ဖေါင်စိန်ရပ်ကွက်နှင့် ပငကျေးရွာတို့တွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းနှင့် အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်တို့တွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jan 10,2024
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်တို့တွင် ယမန်နေ့က ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး၍ ကြီးကြပ်လမ်းညွှန်မှုပေးခြင်းများ ဆောင်ရွက်ခဲ့သည်။