သတင်းများ

ကျိုင်းတုံမြို့၌ “တိရိစ္ဆာန်အစာစိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှု” အထိမ်းအမှတ် သရုပ်ပြ မြက်စိုက်ပျိုးခြင်းဆောင်ရွက်
Jun 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “တိရစ္ဆာန် အစာစိုက်ပျိုးခြင်း ရက်သတ္တပတ် လှုပ်ရှားမှု” အထိမ်းအမှတ် သရုပ်ပြနေဗီယာ မြက်စိုက်ပျိုးခြင်းကို ယန်းခအုပ်စု၊ (၂၁)မိုင် ကျေးရွာတွင် ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဖျာပုံမြို့၊ ရှေးဟောင်းသမိုင်းဝင်ကျိုက္က မျွမ်လိပ်ဥကုန်းဘုရားကြီးဝန်းအတွင်း မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ
Jun 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာန တို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို​ပြေစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး၊ ရာသီဥတုကောင်းမွန်မျှတလာစေရေး၊ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့အား ကြိုဆို သောအားဖြင့် "ဘုရားကျောင်းကန် စေတီရံလည်း သစ်ပင်ရှိမှပနံရလိမ့်" ဟူသော ဆောင်ပုဒ်နှင့် အညီ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈)နာရီအချိန်က အဆိုပါဘုရား​ကြီးဝန်းအတွင်း သစ်ပင်စိုက်ပျိုးကြသည်။
တောင်ငူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များတွင် အမိုနီယမ်နိုက်ထရိတ်ပါဝင်သည့် ဓာတ်မြေသြဇာများ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေး
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များတွင် အမိုနီယမ်နိုက်ထရိတ်ပါဝင်သည့် ဓာတ်မြေသြဇာများ ရောင်းချမှု ရှိ၊ မရှိအား စစ်ဆေးခဲ့သည်။
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အ.ထ.က(၁) ပြင်ဦးလွင်၌  လူငယ်စကားဝိုင်းကျင်းပ
Jun 21,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြင်ဦးလွင်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမဆောင်၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းအေးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။
ဒိုက်ဦးမြို့နယ်ပြည်သူ့ဆေးရုံတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေး
Jun 21,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ပင်စင်ထုတ်ယူသည့်နေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 21,2023
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သဘာဝဂေဟစနစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်ကာ ယနေ့ နံနက်(၁၀)နာရီအချိန်က ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်စံပြကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးဦးစီးဌာနမှ သစ်ပင် စိုက်ပျိုးပွဲကျင်းပသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးဖွင့်ပွဲ ကျင်းပ
Jun 21,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ(ဟိုပုံး)ကျောင်းအုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယနေ့နံနက် ၉ နာရီက ဟိုပုံးမြို့၊ ဆွမ်ဆီကျောင်းလမ်း၊ အနောက်ရပ်ကွက်ရှိ  ဟိုပုံးမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြောင်း သိရှိရသည်။