သတင်းများ

ရွှေကျင်မြို့နယ် အ-လ-က(ခွဲ)မကျည်းတန်းကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 10,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မကျည်းတန်းရပ်ကွက်၊ အ-လ-က(ခွဲ)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ အလုပ်သမားပပျောက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jan 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ငပုတောမြို့ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ အလုပ်သမားပပျောက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်သည်။
ရွှေသောင်ယံမြို့ရှိ စာသင်ကျောင်းများတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားများကျင်းပ
Jan 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းစသည့်ကျောင်းပေါင်းစုံ၌ ပညာရေးစုံညီ ပွဲတော်နှင့် ကာယ၊ ဉာဏ ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားများကို ကျင်းပလျက်ရှိရာ ယမန်နေ့က အ-ထ-က သပေါ့ကန်၊ အ-မ-က သဲကုန်း တို့၌ ကျင်းပခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် အ-မ-က ကျောက်တလုံးစသည်ဖြင့် ကျင်းပလျက် ရှိသည်။
ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ငရုတ်ကောင်းမြို့၊‌ ဂေါ်ရန်ဂျီကျွန်းကမ်းခြေဒေသသို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Jan 10,2024
ဟော်တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ နေ့လယ်ပိုင်းက ငရုတ်ကောင်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ ကမ်းခြေဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ဟိုတယ်ဇုံအဖြစ်ရရှိအောင် ကြိုးပမ်းဆောင်နိုင်ရေးတို့ကို ပြောကြားခဲ့သည်။
သထုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး‌ရေး နယ်လှည့်စာကြည့်တိုက် လိုက်လံဖွင့်လှစ်ပေး
Jan 10,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ အောင်ဇေယျအခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
ကွန်ဟိန်းမြို့၊ အခြေခံပညာမူလတန်းကျောင်း (နမ့်ကုန်) တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားကျင်းပ
Jan 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ဟိုကျယ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း (နမ့်ကုန်) တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစုံ လျာထားချက်ထက် ၃၄၉၄ ဧက ပိုမိုစိုက်ပျိုးနိုင်
Jan 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းသီးနှံစုံ လျာထားချက်ထက် ၃၄၉၄ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံစုံ ၅၇၂၄၂ ဧကစိုက်ပျိုးရန် လျာထားခဲ့ပြီး ၆၀၇၃၆ ဧကအထိ စိုက်ပျိုးပြီးခြင်း ကြောင့် ၃၄၉၄ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောကြားသည်။
ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jan 10,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ (၈၆) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့သည့် အလွတ်တန်းဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်က ဘင်လှိုင်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပြုလုပ်သည်။