အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jan 10,2024
အနာဂတ်၏လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အားကစားနှင့်ပညာရေးပေါင်းစပ် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ"ကို ယနေ့နံနက် ၉ နာရီအချိန်က အားကစားနှင့်ကာယပညာဦးစီးဌာန ကြက်တောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။