သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်
Jun 21,2023
ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ခြင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ကာကွယ်နိုင်စေရန် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများနှင့် မူကြိုကျောင်းများအခြေခံပညာမူလတန်းကျောင်းများ၌ ဆောင်ရွက်နေကြောင်း သိရသည်။