သတင်းများ

သာယာဝတီမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်
Jan 10,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက သာယာဝတီမြို့၊ အ.မ.က သာခွေးစုကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Jan 10,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက် (၈:၃၀) အချိန်က အ.မ.က(ခတ္ထိယ)ကျောင်းနှင့် အ.မ.က(သရက်လိန်)ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ဇလွန်မြို့နယ်တွင် ဆောင်းသီးနှံပိုက်ဆံလျှော် စံကွက်ရိတ်သိမ်းခြင်းနှင့် နွေစပါးမျိုးစေ့ထုတ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Jan 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကော့ကပ်ကလေးကျေးရွာ တောင်သူ ဒေါ်အေးကြိုင်၏ ငါးစပါးကန် တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံ ပိုက်ဆံလျှော် စံကွက်ရိတ်သိမ်းခြင်းနှင့် ကော့ကပ်ကလေးကျေးရွာ တောင်သူဦးဇော်မင်းသူ၏ လယ်မြေကွင်း အမှတ် (၁၆၄၄)၊ ဦးပိုင် (၅/၄) တွင် နွေစပါးမျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Jan 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နေ့လည် (၁၂:၁၅) နာရီက ကဗျာရွတ်ဆိုပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်၌ လယ်ယာမြေများတွင် မိသားစုတစ်ပိုင်တစ်နိုင် တိုင်ထောင်ပဲသီးများ စိုက်ပျိုးထားရှိ၍ မိသားစုအပိုဝင်ငွေ ရရှိ
Jan 10,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများသည် မွေးမြူရေးနှင့်တွဲဖက်၍ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြရာ စားဖိုချောင်သီးနှံတစ်ခုဖြစ်သည့် တိုင်ထောင်ပဲသီးများကို မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရှိ၍  မိသားစုအပိုင်ငွေရရှိ၍ စျေးကွက်ဝင်သဖြင့်  စိုက်ပျိုးသူများ  အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ကျိုင်းလပ်မြို့၌ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုမှု တိုးတတ်စေရန် (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Jan 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ်(၁၁)နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း နမ့်ဝမ်းသို့ သွားရောက်၍ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့(မြို့မ) အခြေခံပညာအထက်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 10,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ (မြို့မ) အခြေခံပညာအထက်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့မ အ.ထ.က ကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အား ရိုးရာအစဉ်အလာနှင့်အညီ မနောအက စုပေါင်းဆင်နွှဲ
Jan 10,2024
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ဌာနေ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်ခြင်းကို ဖော်ထုတ်ပြသသည့် မနောအကဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။