သတင်းများ

ခမောက်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်/ဓာတ်ပုံနှင့် စာအုပ်ပြပွဲများပြုလုပ်
Jun 21,2023
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်/ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ယမန်နေ့နေ့လည်ပိုင်းက ခမောက်ကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
ပင်လောင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်
Jun 21,2023
 ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရေဦးထီယွန်းကျောင်း၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို  ယနေ့ နံနက်ပိုင်းက  ပြုလုပ်ခဲ့သည်။
မိုင်းယုမြို့၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ဟောပြောပွဲကျင်းပ
Jun 21,2023
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jun 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမဆောင်၌ ကျောင်းသား/သူများ သွေးလွန်တုပ်ကွေး ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ စားသုံးရန်မသင့်သည့် အစားအသောက်နမူနာ(၃)မျိုး ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jun 21,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA နေပြည်တော်မှ စားသုံးရန် မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်အမှတ်တံဆိပ်(၃)မျိုးအား ရောင်းချမှုမရှိစေရေး တောင်တွင်းကြီး မြို့မဈေးကြီးအတွင်းရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ယမန်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တာလေမြို့၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဝန်ထမ်း သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jun 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား၊ သမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ (ထပ်ဆောင်း)ကာကွယ်ဆေး Sinopharm ထိုးနှံပေး
Jun 21,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း) ကာကွယ်ဆေး Sinopharm ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉:၃၀ နာရီမှစတင်၍ အမက(စံပြ) ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။