ဓနုဖြူ ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ်(၁၀၈)ခြေမြန်တပ်ရင်းတန်းစီကွင်းတွင် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ အမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(ကျောပိုးအိတ်အဖွဲ့)မှ ဒေသခံပြည်သူများအား ဖျော်ဖြေပွဲကို ယမန်နေ့ ည(၇) နာရီအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါဖျော်ဖြေပွဲတွင် တေးသီချင်းများ၊ ယိမ်းအကအလှများ၊ တေးသရုပ်ဖော်အကများ၊ Dancer အကများ၊ တိုင်းရင်းသားရိုးရာအကများ၊ မျက်လှည့်ပြကွက်များဖြင့် ဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမှတ်(၁၀၈)ခြေမြန်တပ်ရင်းမှ အရာရှိ/ စစ်သည်များနှင့် မိသားစုဝင်များ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)