ညောင်တုန်းမြို့၊ ပန်းဧရာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ညောင်တုန်း ဇန်နဝါရီ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ပန်းဧရာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်‌နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြော၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ရှိန်မြှင့်တင်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ စသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုခင်က အားကစားအဓိပ္ပာယ်၊ အားကစားအမျိုးအစားများ၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများအား ကစားသိပ္ပံကျောင်း တက်ရောက်မည့်သူများ အရည်အချင်းသတ်မှတ်ချက်ဆိုင်ရာများစသည့် အကြောင်းအရာများကိုလည်း‌ကောင်း ဟောပြောခဲ့သည်။

ထို့နောက် စာအုပ်စာစောင်များလှူဒါန်းခြင်း၊ အသိပညာပေး နယ်လှည့်နံရံကပ်စာစောင်ပြသခြင်းနှင့် အားကစားသရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)