သတင်းများ

လက်ပံတန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်
Jan 10,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာရိတ္တကောင်းမွန်စေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ရွှေရောင်အနာဂတ်ကိုယ်ပိုင်အထက်တန်းကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
လမ်းမတော်မြို့နယ်အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေး စုံညီပွဲတော်ကျင်းပ
Jan 10,2024
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကိုယနေ့ နံနက်(၉)နာရီက အဆိုပါကျောင်းရှိ မြမာလာခန်းမ၌ ကျင်းပရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးလှသိန်းနှင့်အဖွဲ့ဝင်များ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေး၊ ကျောက်တံတားခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အ.လ.က(၁) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာများ ၊ ကျောင်းသား မိဘများနှင့်ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ကြသည်။
ကွန်ပျူတာတက္ကသိုလ်(မအူပင်)၌ လူငယ်စကားဝိုင်း ကျင်းပ
Jan 10,2024
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (မအူပင်)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကွန်ပျူတာတက္ကသိုလ် (မအူပင်)၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေပြည်သာရပ်ကွက်ရှိ အိမ်ထောင်စုများသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေး
Jan 10,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေဦးခရိုင် ရေဦးမြို့တွင် မြို့ပေါ်ငါးရပ်ကွက်နှင့် တည်ငြိမ်အေးချမ်းသော ကျေးရွာအချို့ရှိ အိမ်ထောင်စုများ စားရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် အလှည့်ကျရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရွှေပြည်သာရပ်ကွက်ရုံးတွင် ဒေသခံအိမ်ထောင်စုများသို့ စားဆီများ ဆက်လက်ရောင်းချပေးခဲ့သည်။
“ဆေးရွက်ကြီးအစားထိုး ရိက္ခာသီးနှံစိုက်ပျိုး” ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ  ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jan 10,2024
ကျောင်းသား၊ လူငယ်များအနေဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်ကို သိရှိရှောင်ရှားစေရန်အတွက် ရည်ရွယ်ကာ  “ဆေးရွက်ကြီးအစားထိုးရိက္ခာသီးနှံစိုက်ပျိုး” ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကျောင်းကုန်းမြို့ အ.ထ.က(၁)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Jan 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ် မြို့မဈေးမီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Jan 10,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် မြို့မဈေးမီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းနှင့် စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ဈေးကြီး၌ ပြုလုပ်ခဲ့ကြသည်။
လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 10,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။