သတင်းများ

ထီးချိုင့်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 02,2021
စစ်ကိုင်တိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် (Quarantine Centre) ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်
Jul 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် (၂၉)ရပ်ကွက် ဆောက်လုပ်ရေး သင်တန်းကျောင်းတွင် Quarantine Centre ဖွင့်လှစ်နိုင်ရေးအတွက်
ရှမ်းပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ဝင်ရောက်လာပါက ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးခံရမည်
Jul 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ခရီးသွားပြည်သူများ ဝင်ရောက်လာပါက အများပြည်သူ အကျိုးကိုရှေးရူ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုယ်အပူချိန်တိုင်းတာခြင်း ဆောင်ရွက်၍ ကိုယ်အပူချိန်မြင့်တက်လာခြင်း ၊ သံသယ လက္ခဏာများတွေ့ရှိပါက လက်ချောင်းထိပ်တွင် Pulse Oximeters ဖြင့် သွေးတွင်း အောက်စီဂျင် (SpO2) တိုင်းတာခြင်းအား ဆောင်ရွက်ပြီး SpO2  (၉၂)% အောက်ရှိသော ခရီးသွားများအား ခေတ္တနားနေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင် သွေးတွင်းအောက်စီဂျင် (၉၂)% အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်ပြီး ဆေးကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း ကာယကံရှင်များမှ ပေးဆောင်ရမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များဖြင့် လိုက်ပါလာသော ခရီးသွား ပြည်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ခရီးသွားရာဇဝင်နှင့် တယ်လီဖုန်းနံပါတ်များအား မှတ်တမ်းတင် ဆောင်ရွက်ခြင်း၊ Stay At Home သတ်မှတ်ထားသော မြို့နယ်များမှ ဝင်ရောက်လာသောသူများအား (၁၀) ရက်အသွားအလာ ကန့်သတ်ထားရှိပြီး (၃) ရက်မြောက်နေ့တွင် RDT Test Kit ဖြင့် ပထမအကြိမ်၊ (၇) ရက်မြောက်နေ့တွင် RT-PCR ဖြင့် ဒုတိယအကြိမ် စုစုပေါင်း (၂)ကြိမ် စစ်ဆေးဆောင်ရွက်ခြင်း၊ ခရီးသည်များ ပါးစပ်နှင့် နှာခေါင်းစည်း ၊ Mask များ စနစ်တကျတပ်ဆင်နိုင်ရေး ပညာပေးကြီးကြပ် ၊ ကြပ်မတ် ဆောင်ရွက်သွားခြင်း စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ Positive လူနာများတွေ့ရှိပါက ရွာငံ ၊ ကလောနှင့် နောင်ချို ဆေးရုံများသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခြင်း ၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သော Contact Person များကို ရွာငံ ၊ ကလော ၊ နောင်ချိုနှင့် အခြားသက်ဆိုင်သည့် မြို့နယ်များရှိ Community Based Facility Quarantine Center များသို့ ပို့ဆောင်၍ သွားလာမှု ကန့်သတ် ဆောင်ရွက်ခြင်း၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာမှု မရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ခရိုင်ပြန်/ဆက်ရုံး ဝန်ထမ်း များမှ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်
Jul 02,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း MASK အခမဲ့ဖြန့်ဝေမှုများဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ရုံး ဝန်ထမ်းများက လူစည် ကားရာ နေရာများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးဖျန်းပေး
Jul 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးထိန်း ချုပ်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာစျေး၌ ပိုးသတ်ဆေးဖျန်းပေးခဲ့သည်။
ပေါက်ခေါင်းမြို့အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် ဈေးဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် အပြင်ထွက်သည့်အခါတိုင်း Mask မဖြစ်မနေတပ်ဆင်သွားလာရေး Mask Campaign ကို မြို့မဈေးနှင့် လူစည်ကားသည့် နေရာများတွင် သတ်မှတ်ရက်အတိုင်း ဌာနဆိုင်ရာပူး‌ပေါင်းအဖွဲ့များက အသိပညာပေး ဆောင် ရွက်လျက်ရှိသည်။
မင်းတုန်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်
Jul 02,2021
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့တွင်  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင်ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အမှာစကားပြောကြားခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဒေသခံပြည်သူများအား ရောဂါပိုးကူးစက် ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။