ဟင်္သာတ၌ သဘာဝရေဘေးအန္တရာယ် ကာကွယ်ရန်အတွက် တည်ဆောက်ထားသည့် ဦးမိုးလေး ဖြတ်တာ (၁) မြစ်ရေတိုက်စားပြိုကျပြီး ရေများဝင်ရောက်
Aug 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ဧရိယာအတွင်းရှိ မြို့၊ ရွာနှင့် သီးနှံစိုက်ခင်းများ ရေကြီးရေလျှံမှုမှ ကာကွယ်ရန် ဧရာဝတီ ဟင်္သာတတာ တာမိုင် အလျား - ၁၅ မိုင် ၅ ဖာလုံကို လည်းကောင်း၊ ဟင်္သာတ - ကမ်းနားတာ တာမိုင် ၆ မိုင် ၅ ဖာလုံကို လည်ကောင်း၊ ဧရာဝတီ-ဟင်္သာတတာနှင့် ဟင်္သာတ-ကမ်းနားတာကြား ရေကြီးတိုက်စားမှု ကာကွယ်ရန်၊ အင်းမပန်းတာ၊ ဦးမိုးလေး ဖြတ်တာ (၁) ၊ ဖြတ်တာ (၂)၊ ဖြတ်တာ (၃) တို့ကို တည်ဆောက်ထားရှိသည့် အနက် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဦးမိုးလေးဖြတ်တာ (၁) မှာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့ပြီး တာတမံအတွင်း မြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။