သတင်းများ

ဇမ္ဗူသီရိမြို့နယ်ရုံး Community Centre ခန်းမတွင် “အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေးအသိပညာပေး” Talk Show ကျင်းပ
Jul 02,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန် က “အိမ်တွင်းအကြမ်းဖက်မှုကာကွယ်ရေးအသိပညာပေး” Talk Show အား ကျင်းပခဲ့သည်။
ကျိုက်မရော၌ အသက်တစ်နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Jul 02,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အသက်တစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နေ့လည်၁နာရီအချိန်က ကလိုင်းကနိုင်ကျေးရွာ ကျန်းမာရေး ဆေးခန်း ၌ပြုလုပ်သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိကုသရေးစင်တာ ပြင်ဆင် ဆောင်ရွက်
Jul 02,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ ‌မြို့နယ်အတွင်း အတည်ပြုလူနာများ ထားရှိကုသရေး စင်တာကိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏  ‌ကြီးကြပ်မှုတို့ဖြင့် မြို့နယ်ကျန်းမာရေး၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်း၍ အမြန်စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Semi Lock Down ဧရိယာအဖြစ် သတ်မှတ်ထားရှိသော ပြည်မြို့ သုခါရာမကျောင်းတိုက်ရှိ ကျောင်းနေ သံဃာတော်၊ သီလရှင်၊ ယောဂီနှင့် ဝေယျာဝစ္စ ဆောင်ရွက်သူတို့အတွက် ဆွမ်းကွမ်းဝေယျာဝစ္စနှင့် နေထိုင်စားသောက်ရေးများ ဆောင်ရွက်ပေး
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ရွှေဟင်္သာအရှေ့ပေါက်ရှိ သုခါရာမဘုန်းတော်ကြီး ကျောင်း၌ သီတင်းသုံးနေထိုင်သော ခန်းနေဆရာတော်တစ်ပါးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါကျောင်းအား Semi Lock Down ဧရိယာအဖြစ် သတ်မှတ်ထားရှိပြီး ကျောင်းနေ သံဃာတော်၊ သီလရှင်၊ ယောဂီနှင့် ဝေယျာဝစ္စ ဆောင်ရွက်သူတို့အတွက် ဆွမ်းကွမ်းဝေယျာဝစ္စနှင့် နေထိုင်စားသောက်ရေးတို့ကို တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးစစ်ဆေးရေးဂိတ် စတင်ဖွင့်လှစ်ဆောင်ရွက်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့အဝင်ဂိတ်တွင် ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေး စစ်ဆေးရေး ဂိတ်ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ် နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်နှင့်မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားပြုလုပ်
Jul 02,2021
စစ်ကိုင်းတိုင်းဒေသကြီး, ခန္တီးမြို့တွင် ယနေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်နှင့်မြို့နယ် ကလေး သူငယ် အခွင့်အရေးဆိုင်ရာကော်မတီနှင့် ခရိုင်နှင့်မြို့နယ် အမျိုးသမီးကော်မတီ (၃)လတစ်ကြိမ် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ချမ်းမြသာစည်လေဆိပ်အတွင်း COVID CENTER စတင်ဆောက်လုပ်နေမှုအား မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကို လာရောက်ကြည့်ရှု
Jul 02,2021
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်(၄၁၀-A)၊ ချမ်းမြသာစည် လေဆိပ်အတွင်း COVID CENTER စတင်ဆောက်လုပ်နေမှုအား မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ  ဦးမောင်ကိုက ဇူလိုင်လ ၂ရက်နေ့ နံနက် ၁၀နာရီ ၄၀မိနစ်က လာရောက်ကြည့်ရှုခဲ့သည်။