သတင်းများ

ဝါးခယ်မမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း ဆောင်ရွက်
Jul 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂ လသားမှ ၁ နှစ်ခွဲထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ကျန်းမာ‌ရေး ဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ နွေစပါးမျိုးစေ့ထုတ်စံကွက်တောင်သူများအား သွင်းအားစုမြေဩဇာနှင့် လုပ်အားခငွေ ထောက်ပံ့ပေးအပ်
Jul 02,2021
စိုက်ပျိုးရေးဦးစီးဌာနနှင့် Strengthening Agricultural Extension in Myanmar (SAEM) Project တို့ ပူးပေါင်းဆောင်ရွက်သည့် နွေစပါးမျိုးစေ့ထုတ် စံပြကွက်တောင်သူများအား သွင်းအားစုမြေဩဇာနှင့် လုပ်အားခ ငွေထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀နာရီက ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံး၌ ကျင်းပသည်။
ထန်းတပင်မြို့နယ်တွင် နှာခေါင်စည်း (Mask) များ တပ်ဆင်သွားလာသည့် အလေ့အထများဖြစ်စေရန် Mask Campaign ပြုလုပ်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင် မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက် သည့်အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်း လုပ်ငန်း (Mask Campaign)ကို ယနေ့ နေ့လယ် (၁၁)နာရီက လူစည်ကားရာ မြို့တွင်းလမ်းဆုံနေရာများ၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံကွန်ပျူတာ သင်တန်းဖွင့်
Jul 02,2021
ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ အခြေခံကွန်ပြူတာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးတွင် ကျင်းပခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် Mask Campaign ဆောင်ရွက်
Jul 02,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု များလာမှုကြောင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အများပြည်သူများ ကိုဗစ်-၁၉ အသိ၊ သတိနှင့်အတူ သွားလာနေထိုင်မှုရှိ စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက ဦးဘဟန်လမ်းနှင့် ရပ်ကွက်များအတွင်းသို့ Mask Campaign နှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 02,2021
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကမမောင်းမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရန် Mask Campaign ဆောင်ရွက်
Jul 02,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်ရေး Mask campaign ကို    ယနေ့ နံနက် ၉ နာရီအချိန်က သံလွင်ဦးမြို့မစျေးနှင့် ရပ်ကွက်လမ်းဆုံများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်ဒုံမြို့တွင်(Home Garden)စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား ဟင်းသီးဟင်ရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်
Jul 02,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၁၀ နာရီ က မြို့စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ကာလမှာ တစ်နိုင်တစ်ပိုင် ဟင်းသီး ဟင်းရွက်စိုက်ပျိုးပြီး မိသားစု စားဝတ်နေရေးအခတ်အခဲမရှိ အဆင်ပြေစေရေးအတွက်မြို့ပေါ်နှင့် ကျေးရွာများမှ(Home Garde )စိုက်ပျိုးမည့် အကျိုးဆောင် တောင်သူများအားဟင်းသီးဟင်းရွက် မျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့သည်။