ပေါက်ခေါင်းမြို့အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် ဈေးဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်

 

 

ပေါက်ခေါင်း ဇူလိုင်၂

 

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် အပြင်ထွက်သည့်အခါတိုင်း Mask မဖြစ်မနေတပ်ဆင်သွားလာရေး Mask Campaign ကို မြို့မဈေးနှင့် လူစည်ကားသည့် နေရာများတွင် သတ်မှတ်ရက်အတိုင်း ဌာနဆိုင်ရာပူး‌ပေါင်းအဖွဲ့များက အသိပညာပေး ဆောင် ရွက်လျက်ရှိသည်။

 

အဆိုပါ အသိပညာပေး ဆောင်ရွက်နေမှုများအပြင် ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့အတွင်းရောင်းချနေသော စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက် စည်းကမ်းများနှင့်အညီ ရောင်းချနိုင်ရေးအတွက် အသိပေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့‌ ခေတ္တဥက္ကဋ္ဌဦးစိုးမြင့်လှိုင်ဦးဆောင်၍ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်၊ ကြက်‌ခြေနီအဖွဲ့၊ မြို့နယ်မီးသတ်နှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်းပါဝင်သော အဖွဲ့များက မြို့ပေါ် ရပ်ကွက်(၅)ရပ်ကွက်ရှိ စားသောက်ဆိုင်များကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအောင်