အုတ်တွင်းမြို့နယ်အတွင်း ရေကျော်ခဲ့သည့် ရန်ကုန် - မန္တလေးပုံမှန်ကားလမ်း ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီ
Aug 04,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၎င်းမြို့ရှိ ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်းဖြတ်သန်းရာ ကျေးရွာ အချို့မှာ ရေကျော်မှုများဖြစ်ပေါ်ခဲ့ပြီး တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ နှင့်ဒေသခံများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် လူနှင့်တိရစ္ဆာန်များ ၊ ပစ္စည်းဆုံးရှုံးမှုများမရှိပါကြောင်း ယခုအခါ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ထံမှ သိရသည်။