သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကာ နှာခေါင်းစည်း (Mask)များ ထောက်ပံ့ ပေး
Jul 02,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကာ နှာခေါင်းစည်း (Mask)များ ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး ဆောင်ရွက် နေ သည့် နေရာများသို့ သွားရောက် စစ်ဆေး ထောက်ပံ့ပေးခဲ့ကြသည်။
ပန်းတနော်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံ​မော်တော်ဆိုင် ကယ်ပြုပြင်နည်း သင်တန်းဖွင့်လှစ်
Jul 02,2021
၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး ဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်နည်း သင်တန်းကို ကျုံတုံးကလေး ကျေးရွာအုပ်စု အစုကြီးကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦး သေဆုံး
Jul 02,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယနေ့ နံနက် (၆)နာရီခန့်က ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦး သေဆုံးခဲ့ကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အင်းစိန်မြို့နယ်၌ ကြက်ခြေနီအသင်း(အင်းစိန်)မှ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိ
Jul 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ယမန်နေ့ ညပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသဖြင့် ကြက်ခြေနီအသင်း (အင်းစိန်)မှ တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဝေါမြို့၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာ ပေးခြင်းဆောင်ရွက်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာန၌ ယနေ့ နံနက် ၉ နာရီက မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့်ကြောင်း ကိုယ်ဝန် ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ ဆေးရုံကြီးတွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိသိရသည်။
ကျိုင်းတုံ-မိုင်းခုတ်လမ်း ယာဉ်သွားလာမှု  လွယ်ကူအဆင်ပြေစေရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  ကွင်းဆင်းစစ်ဆေး
Jul 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းခုတ်လမ်း သွားလာမှုလွယ်ကူအဆင်ပြေစေရေးနှင့် ယာဉ်အန္တရာယ် ကင်းဝေးစေရေးတို့အတွက်  ပြုပြင်ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိရာ ယင်းဆောင်ရွက်နေမှုများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 02,2021
သစ်ပင်သစ်တော၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန် ရည်ရွယ်၍ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၁ ရက်နေ့ က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ သင်တန်းကျောင်းများတွင် ကျင်းပခဲ့ကြောင်း သိရသည်။