မင်းတုန်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

မင်းတုန်း ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့တွင်  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင်ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အမှာစကားပြောကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းတင့်က ပန်းခင်း စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းရှင်းလင်းခဲ့ပြီး ဇွန်လအတွင်း အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ (၈)ခုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား(၁၃၃)ကတ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည့် ကျေးရွာအုပ်စု (၅)အုပ်စုကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ပေးအပ်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြသည်။

အဆိုပါ  အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်း၊ အဖွဲ့ဝင် ဗိုလ်မှူး မင်းအောင်ကျော်လင်း၊ အတွင်းရေးမှူး ရဲမှူးအုန်းကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းတင့် နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်