သာယာဝတီမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ(Stay at Home) အစီအစဉ် အကျုံးဝင်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် Covid-19 ပိုးတွေ့အတည်ပြုလူနာများ တွေ့ရှိမှုများပြားလာပြီး ပိုးတွေ့နှုန်း မြင့်တက်လာသဖြင့် ဇူလိုင် ၁ ရက်ညပိုင်းက ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနက ၂၀၂၁ ခုနှစ် ဇူလိုင်လ၂ ရက်နေ့ နံနက် ၄ နာရီ မှစတင်၍ သာယာဝတီမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။