ရန်ကုန် ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် (၂၉)ရပ်ကွက် ဆောက်လုပ်ရေး သင်တန်းကျောင်းတွင် Quarantine Centre ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထူး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ညီဖြိုးဝေနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အဆိုပါ သင်တန်းကျောင်းဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကုတင် အလုံး(၆၀) နေရာချထားခြင်းနှင့် Quarantine Centre တွင် အသုံးပြုမည့် ပစ္စည်းများ နေရာချထားခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
စန္ဒာမိုး