ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ တစ်ရက်တည်း (၅)ဦးတွေ့ရှိ
Jul 02,2021
ပျော်ဘွယ်မြို့၊ မြို့သစ်ရပ်ကွက်တွင် နေထိုင်သူအမျိုးသမီး(၆)ဦးသည် ဇူလိုင်လ(၂)ရက်၊ နံနက်(၁၀) နာရီခွဲ အချိန်ခန့်တွင် အနံ့မရရှိကြောင်း အကြောင်းကြားလာမှုကြောင့် မြို့နယ်ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန် ရှိသူများက ၎င်းတို့(၆)ဦးအား ရွှေပြည်ရန်အောင်ရပ်ကွက်ရှိ အိုးအိမ်ဝန်ထမ်း အိမ်ယာ Facility Quarantine တွင်ခေတ္တ ထားရှိပြီး စစ်ဆေးခဲ့ရာ (၄)ဦးတွင် ရောဂါပိုးတွေ့ ရှိခဲ့ကြောင်း၊ ကျန်နှစ်ဦးမှာ ရောဂါပိုးမတွေ့ခဲ့ကြောင်းသိရသည်။