တောင်ကြီး ဇူလိုင် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ခရီးသွားပြည်သူများ ဝင်ရောက်လာပါက အများပြည်သူ အကျိုးကိုရှေးရူ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုယ်အပူချိန်တိုင်းတာခြင်း ဆောင်ရွက်၍ ကိုယ်အပူချိန်မြင့်တက်လာခြင်း ၊ သံသယ လက္ခဏာများတွေ့ရှိပါက လက်ချောင်းထိပ်တွင် Pulse Oximeters ဖြင့် သွေးတွင်း အောက်စီဂျင် (SpO2) တိုင်းတာခြင်းအား ဆောင်ရွက်ပြီး SpO2 (၉၂)% အောက်ရှိသော ခရီးသွားများအား ခေတ္တနားနေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင် သွေးတွင်းအောက်စီဂျင် (၉၂)% အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်ပြီး ဆေးကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း ကာယကံရှင်များမှ ပေးဆောင်ရမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များဖြင့် လိုက်ပါလာသော ခရီးသွား ပြည်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ခရီးသွားရာဇဝင်နှင့် တယ်လီဖုန်းနံပါတ်များအား မှတ်တမ်းတင် ဆောင်ရွက်ခြင်း၊ Stay At Home သတ်မှတ်ထားသော မြို့နယ်များမှ ဝင်ရောက်လာသောသူများအား (၁၀) ရက်အသွားအလာ ကန့်သတ်ထားရှိပြီး (၃) ရက်မြောက်နေ့တွင် RDT Test Kit ဖြင့် ပထမအကြိမ်၊ (၇) ရက်မြောက်နေ့တွင် RT-PCR ဖြင့် ဒုတိယအကြိမ် စုစုပေါင်း (၂)ကြိမ် စစ်ဆေးဆောင်ရွက်ခြင်း၊ ခရီးသည်များ ပါးစပ်နှင့် နှာခေါင်းစည်း ၊ Mask များ စနစ်တကျတပ်ဆင်နိုင်ရေး ပညာပေးကြီးကြပ် ၊ ကြပ်မတ် ဆောင်ရွက်သွားခြင်း စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ Positive လူနာများတွေ့ရှိပါက ရွာငံ ၊ ကလောနှင့် နောင်ချို ဆေးရုံများသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခြင်း ၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သော Contact Person များကို ရွာငံ ၊ ကလော ၊ နောင်ချိုနှင့် အခြားသက်ဆိုင်သည့် မြို့နယ်များရှိ Community Based Facility Quarantine Center များသို့ ပို့ဆောင်၍ သွားလာမှု ကန့်သတ် ဆောင်ရွက်ခြင်း၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာမှု မရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များကို ကလောမြို့နယ်၌ ရေယားဂိတ်၊ ရွာငံမြို့နယ်တွင် ဆင်နတ်ချောင်းဂိတ် ၊ ရပ်စောက်မြို့နယ်တွင် ရပ်စောက်မြို့အထွက် မင်းကြီးသုံးပါးဂိတ် ၊ ဟိုပုံးမြို့နယ်တွင် ဟိုပုံးမြို့အထွက်ဂိတ်၊ တောင်ကြီးမြို့နယ်တွင် တောင်လေးလုံးကျေးရွာ ခေါင်တိုင်လမ်းခွဲဂိတ်များ ဖွင့်လှစ်ပြီး တောင်ကြီးခရိုင် အထွေထွေ စီမံ အုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများက ဇူလိုင်လ (၁) ရက်နေ့ ညနေ (၄) နာရီက တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာ ခေါင်တိုင် လမ်းခွဲဂိတ်တွင် တာဝန်ကျနေသော ဝန်ထမ်းများအား PPE ဝတ်စုံများ ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ကြီးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအခြေအနေမှာ တောင်ကြီးမြို့ပေါ်တွင် ကျား (၆၁) ဦး ၊ မ (၄၅) ဦး ဆေးရုံဆင်း (၁၅) ဦး ၊ ပေါင်း (၁၂၁) ဦး ၊ ညောင်ရွှေမြို့နယ်တွင် ကျား (၄) ဦး ၊ ကလောမြို့နယ်တွင် ကျား (၃၃) ဦး ၊ မ (၂၂) ၊ ပေါင်း (၅၅) ဦး ၊ ရပ်စောက်မြို့နယ်တွင် ကျား (၁၆) ဦး ၊မ (၁၄) ဦး ၊ ပေါင်း (၃၀)ဦး ၊ စုစုပေါင်း (၂၁၀) ဦးရှိပြီး Quarantine Center ထားရှိမှုများမှာ တောင်ကြီးမြို့တွင် မိုးဂုတ်ဝိပသနာ၊ ညောင်ရွှေမြို့တွင် အားကစားရုံ၊ ကလောမြို့ တွင် မိုးကုတ်ဝိပသနာနှင့် န.တ.လ (အောင်ပန်း)၊ ရပ်စောက်မြို့နယ်တွင် ကမ္မဌာန်းကျောင်း၊ ရွှေဘုံသာ ဘုရားကြီးကျောင်း၊ တို့တွင် ဖွင့်လှစ်ထားကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)