သတင်းများ

ရန်ကင်းမြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ
Jul 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်၊ အမှတ်(၁၅) ရပ်ကွက်မိုးကောင်း လမ်းမှတ် တမ်းရုံးဝင်း အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၁၁ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
Semi Lock Down ဧရိယာအဖြစ် သတ်မှတ်ထားရှိသော ပြည်မြို့ သုခါရာမကျောင်းတိုက်ရှိ ကျောင်းနေ သံဃာတော်၊ သီလရှင်၊ ယောဂီနှင့် ဝေယျာဝစ္စ ဆောင်ရွက်သူတို့အတွက် ဆွမ်းကွမ်းဝေယျာဝစ္စနှင့် နေထိုင်စားသောက်ရေးများ ဆောင်ရွက်ပေး
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ရွှေဟင်္သာအရှေ့ပေါက်ရှိ သုခါရာမဘုန်းတော်ကြီး ကျောင်း၌ သီတင်းသုံးနေထိုင်သော ခန်းနေဆရာတော်တစ်ပါးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါကျောင်းအား Semi Lock Down ဧရိယာအဖြစ် သတ်မှတ်ထားရှိပြီး ကျောင်းနေ သံဃာတော်၊ သီလရှင်၊ ယောဂီနှင့် ဝေယျာဝစ္စ ဆောင်ရွက်သူတို့အတွက် ဆွမ်းကွမ်းဝေယျာဝစ္စနှင့် နေထိုင်စားသောက်ရေးတို့ကို တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည်။
မိုင်းရယ်တွင် လူတိုင်း နှာခေါင်းစည်းဝတ်ဆင်ရေးနှင့် ဈေးသူဈေးသားများ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ရောင်းဝယ်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်
Jul 02,2021
လားရှိုးခရိုင်၊ မိုင်းရယ်မြို့တွင် လူတိုင်းနှာခေါင်းစည်းဝတ်ဆင်ရေးနှင့် နှာခေါင်းစည်းပေးဝေခြင်း၊ ဈေးသူဈေးသားများ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ရောင်းဝယ်မှုရှိစေရေးတို့ကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ဦးစီး၍ ယနေ့နံနက် ၇ နာရီက မိုင်းရယ်မြို့မ ဈေးကြီးတွင် ဆောင်ရွက်ခဲ့သည်။
၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျောက်ဖြူမြို့၌ကျင်းပ
Jul 02,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး(အသစ်)ရှေ့ မြေနေရာတွင် ၂၀၂၁ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ယနေ့၊ မွန်းလွဲ(၂)နာရီ အချိန်က ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်စိုက်ပျိုးပေးခဲ့ကြသည်။
ပန်းတနော်​မြို့၌ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းများအတွက် လုပ်ငန်း ညှိနှိုင်းဆွေးနွေး
Jul 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေး ကော်မတီက ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ညနေ ၃ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ပေးရေး ဥပဒေနှင့် သိကောင်းစရာအသိပညာပေး (Talk Show)ဆောင်ရွက်
Jul 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် ၁၀နာရီအချိန်က စားသုံးသူကာကွယ်ပေးရေး ဥပဒေနှင့် သိကောင်းစရာအသိပညာပေး (Talk Show)ကို ဆောင်ရွက်ခဲ့သည်။
မြစိမ်းရောင်( အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေကျပ် သိန်း(၃၀၀ )ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 02,2021
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေကျပ် သိန်း(၃၀၀) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန် က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အရှိန်အဟုန်မြှင့် အထူးကြပ်မတ် ဆောင်ရွက်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် အရှိန်အဟုန်မြှင့် အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း ဦးဆောင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့ဝင်များက ရေတာရှည်မြို့ရှိ ရန်ကုန်-မန္တ​လေးလမ်းပေါ်တွင် နှာခေါင်းစည်း (Mask) များအား အပြင်ထွက်လျှင် တပ်ဆင်သွားရန် အသိပညာပေး ​စစ်​ဆေး​ဆောင်ရွက်ခဲ့သည်။