ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပထွက်တိုင်း Mask တပ်သည့် အလေ့အကျင့်ရှိစေရေး ကြပ်မတ် စစ်ဆေးပညာပေး
Aug 05,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက် မပြတ် လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီမှစ၍ မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပ ထွက်သူတိုင်း အကာအကွယ် Mask တပ်ဆင်သည့်အလေ့အကျင့် ရှိစေရေး ကြပ်မတ်စစ်ဆေး ပညာပေးခြင်းကို မြို့နယ်အတွင်း လူစည်ကား ရာနေရာများတွင် မြို့နယ် အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။