သတင်းများ

နမ္မတူမြို့နယ်တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်
Jul 02,2021
နမ္မတူမြို့နယ်တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ဗိုလ်တထောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Jul 02,2021
စာပေမြတ်နိုးတန်ဖိုးထားတတ်လာစေရန်၊ အသိအမြင်ဗဟုသုတများကို အသုံးချ၍ အဖိုးတန်သော လူငယ်များ ဖြစ်လာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် အတွေးအခေါ် အသိအမြင်များ အား မျှဝေတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင် မြို့နယ်ရုံးသည် ယနေ့ နံနက်(၁၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre ) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ကျေးရွာသစ်စီမံကိန်းဖြင့် မယ်ဇလီအိုင့်ကျေးရွာတွင် ဘက်စုံသုံးခန်းမတည်ဆောက်
Jul 02,2021
စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာသစ်စီမံကိန်းအရ ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အမာမြို့ရုံး Community Centre ၌ စာဖတ်ဝိုင်းကျင်းပ
Jul 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ Book Club အဖွဲ့နှင့် ပူးပေါင်း၍ ယနေ့ မွးန်တည့် ၁၂ နာရီက စာရေးဆရာကျော်ဝင်း ရေးသားသော ''နှစ်ဆယ့်တစ်ရာစုသားရွှေဥ'' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
သဲကုန်းမြို့မှ သံဃာတော်(၄) ပါး   COVID-19 ပိုးတွေ့    
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့ ၊ မြို့မရပ်ကွက်ရှိ ထန်းရင်းဘုန်းတော်ကြီးကျောင်းမှ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်မှ ပြန်လာသည့် သံဃာ (၁)ပါးသည် နေမကောင်းဖြစ်ရာမှ အနံ့ပျောက်နေကြောင်း သတင်းအရ  ယမန်နေ့မနက်ပိုင်းတွင် သီတဂူ FQC သို့ ပင့်ဆောင်၍ မြို့နယ်ကျန်းမာရေးဌာနမှ RDT ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုးတွေ့ရှိ (Positive) အဖြေထွက်ရှိခဲ့သဖြင့် ၎င်းနှင့်ထိတွေ့ခဲ့သူ သံဃာ (၇)ပါးနှင့် လူပုဂ္ဂိုလ် (၁) ဦးတို့အား ထပ်မံခေါ်ယူစစ်ဆေးခဲ့ရာ သံဃာ (၃)ပါးတွင် ရောဂါပိုးထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်း သံဃာ (၄)ပါးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရပါသည်။
နတ်တလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးနှိုးဆော် ဆောင်ရွက်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်/ ရှောင်ရန်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းသို့ ယနေ့ နံနက် ၉ နာရီအချိန်က လိုက်လံကြေညာ ပေးလျက်ရှိသည်။
အုတ်ဖိုမြို့ သီရိမင်္ဂလာအဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ၈၅ ရာခိုင်နှုန်းပြီးစီး
Jul 02,2021
ဒေသခံပြည်သူများ၏ သွားလာရေးပိုမိုလွယ်ကူချောမွေ့စေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးရန်ပုံငွေဖြင့် မိုးညိုတန်းရပ်ကွက်၊ သီရိမင်္ဂလာအဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိရာ ၈၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဖလမ်းမြို့၌ COVID-19 ရောဂါရောဂါကြောင့်သေဆုံးသူ(၁၆)ဦးရှိ
Jul 02,2021
ချင်းပြည်နယ်၊ဖလမ်းမြို့တွင် ပြည်သူများအားCOVID-19ရောဂါ ရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ဇူလိုင်လ ၁ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိ (၂၇၃)ဦးရှိပြီး သေဆုံးသူ(၁၆)ဦးရှိပြီးဖြစ် ကြောင်းသိရသည်။