ခန္တီး ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီး, ခန္တီးမြို့တွင် ယနေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်နှင့်မြို့နယ် ကလေး သူငယ် အခွင့်အရေးဆိုင်ရာကော်မတီနှင့် ခရိုင်နှင့်မြို့နယ် အမျိုးသမီးကော်မတီ (၃)လတစ်ကြိမ် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကိုကိုအောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကောမတီနှင့် ခရိုင်အမျိုးသမီး ကော်မတီ အတွင်းရေးမှူး ဒေါ်မူမူထွန်းမှ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် ကော်မတီဝင်များမှ ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆုံးဖြတ်ချက် ချမှတ်ခဲ့ ကြကြောင်းသိရသည်။
ဒီဇိုင်း(ရတနာမြေ)