ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိကုသရေးစင်တာ ပြင်ဆင် ဆောင်ရွက်

 

 

ဆိပ်ကြီးခနောင်တို ဇူလိုင် ၂

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ ‌မြို့နယ်အတွင်း အတည်ပြုလူနာများ ထားရှိကုသရေး စင်တာကိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏  ‌ကြီးကြပ်မှုတို့ဖြင့် မြို့နယ်ကျန်းမာရေး၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်း၍ အမြန်စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကုသရေးစင်တာကို ဆိပ်ကြီးအနောက်ရပ်ကွက်ရှိ မြို့နယ်  အားကစားခန်းမတွင် ပြင်ဆင်ဆောင်ရွက် လျက်ရှိပြီး၊ အတည်ပြုလူနာ ဦးရေ (၄၀)ဦး ခန့်ထားရှိ ကုသနိုင်‌ရန် ဆောင်ရွက်လျက်ရှိရာ လိုအပ်သည့် ရေ၊ လျှပ်စစ်မီး၊ သန့်ရှင်းရေး စသည်တို့အား သက်ဆိုင်ရာ ဌာနဆိုင်ရာများမှလည်း ပူးပေါင်းကူညီဆောင်ရွက် လျက်ရှိသည်။

 

ယခုအခါ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃)ဦး တွေ့ရှိထားပြီဖြစ်ရာ ၊ ၎င်းတို့အား မြို့နယ် ပြည်သူ့ဆေးရုံတွင် လတ်တလော  သီးသန့်ထားရှိ ကြပ်မတ်ကုသပေးလျက်ရှိပြီး၊ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရ သည်။

 

ဝေယံ