မြိုင်မြို့တွင် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jul 03,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ယနေ့ နံနက်(၇)နာရီအချိန်က မိုးရာသီသစ်ပင်စိုက် ပွဲတော်ကို အမှတ်(၃) တပ်မတော်အကြီးစားစက်ရုံ(ခွဲ) မြိုင်စက်ရုံဝန်းတွင် ကျင်းပရာ ပခုက္ကူခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် စက်ရုံဝန်ထမ်း မိသားစုများအင်အား (၁၅၀) ခန့် တက်ရောက်ခဲ့ကြသည်။