သတင်းများ

မင်းလှမြို့နယ်၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး
Jul 03,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေး ရွာအနီး၊ စိန်ကန့်လန့်- မြို့ချောင်း လမ်းမိုင်တိုင်အမှတ် ၁၀ ၊ မုက္ခာကြိုး ဝိုင်း အကွက်အမှတ်(၂၉) ၌ သစ်တောဦးစီးဌာနက သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းသာယာစို ပြေစေရေးအတွက် မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
မြိုင်မြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုး/ဘွား(၁၅၂၂)ဦးအား လူမှုရေးပင်စင်ထောက်ပံ့
Jul 03,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုး၊ဘွား (၁၅၂၂)ဦး တို့အား လူမှုရေးပင်စင်ကို ဇူလိုင်လ(၁)ရက်နေ့မှစ၍ တစ်ဦးလျှင် သုံးလစာအတွက် ငွေကျပ် သုံးသောင်းနှုန်းဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲ ကျင်းပ
Jul 03,2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)၏ စီစဉ်မှုဖြင့် ဝန်ထမ်းများ၊ အင်္ဂလိပ်စာ အသုံးအနှုန်း မှန်ကန်ရေးနှင့် အသံထွက်မှန်ကန်ရေး၊ လုပ်ငန်းခွင်၌ အင်္ဂလိပ်စာကျွမ်းကျင်မှုရှိရန်နှင့် စွမ်းဆောင်ရည်မြင့်မားရေး စသည့် အင်္ဂလိပ်စာအရည်အသွေး တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
ထားဝယ်မြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပ
Jul 03,2021
၂၀၂၁ ခုနှစ်၊ မြန်မာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး
Jul 03,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ သစ်တောဦးစီးဌာနမှ စီစဉ် ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုဖောက်ပြန်ခြင်းများ လျော့နည်း စေပြီး သဘာ၀ ဘေးအန္တရာယ်များ ကင်းဝေးစေနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် (၈)နာရီက စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း၊ အမှတ်(၁၇)အကြီးစား စက်ရုံ(မလွန်)၊ အမှတ်(၁)ဝန်ထမ်း လိုင်းခန်းအနီး မြေကွက်လပ်၌ စိုက်ပျိုးခဲ့သည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်​ရေး​ ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း ​မုဒုံမြို့ရှိ ဘဲ​မွေးမြူ​ရေးခြံနှင့် အဇင်း​ရေ​လှောင်တမံသို့ ကြည့်ရှုစစ်ဆေး
Jul 03,2021
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများသည် ယမန်နေ့ မွန်းလွဲ ၂နာရီခွဲက မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်ရှိ ဥစားဘဲ​မွေးမြူ​ရေးခြံသို့ ​သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 03,2021
သစ်ပင်သစ်တော၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန် ၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈) နာရီက ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာ၊ ခုနှစ်မိုင်ဂေါက်ကွင်း တွင်ကျင်းပပြုလုပ်ရာ ကော့သောင်းရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ သစ်တောဦးစီးဌာန ဝန်ထမ်းများ ၊ NGO အဖွဲ့များ ၊ ရပ်ကျေးပြည်သူများ တက်ရောက်စိုက်ပျိုးပေးခဲ့ကြသည်။
ဆင်တိုးကျေးရွာသို့ မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေ ကျပ်သိန်းသုံးရာအား လွှဲပြောင်းပေးအပ်
Jul 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာဆောင်ရွက်မည့် ဆင်တိုးကျေးရွာအား ရန်ပုံငွေ ကျပ်သိန်းသုံးရာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။