ဒလမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် မဲဆန္ဒရှင်များ အမည်စာရင်းကြေညာထားရှိမှု ကွင်းဆင်းစစ်ဆေး
Aug 05,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် အမည်စာရင်းကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။