ချမ်းမြသာစည်လေဆိပ်အတွင်း COVID CENTER စတင်ဆောက်လုပ်နေမှုအား မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကို လာရောက်ကြည့်ရှု

မန္တလေး ဇူလိုင် ၂

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်(၄၁၀-A)၊ ချမ်းမြသာစည် လေဆိပ်အတွင်း COVID CENTER စတင်ဆောက်လုပ်နေမှုအား မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ  ဦးမောင်ကိုက ဇူလိုင်လ ၂ရက်နေ့ နံနက် ၁၀နာရီ ၄၀မိနစ်က လာရောက်ကြည့်ရှုခဲ့သည်။

ထိုသို့ ကြည့်ရှု စစ်ဆေးရာတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကိုသည် အဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဦး၊ လေဆိပ်တာဝန်ခံ ဦးလေးအောင်တို့လိုက်ပါ၍ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊ လေဆိပ်တာဝန်ခံ ဦးလေးအောင်တို့မှ COVID CENTER ဆောက်လုပ် ဆောင်ရွက်နေမှု အခြေအနေအား လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း၊ ယင်း COVID CENTER သည်အလျား (၃၆၀)ပေ၊ အနံ(၆၅)ပေ၊ အမြင့်(၂၃)ပေရှိကြောင်း သိရသည်။

ထိပ်ထားနိုင်