ဇမ္ဗူသီရိ ဇူလိုင် ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန် က “အိမ်တွင်းအကြမ်းဖက်မှုကာကွယ်ရေးအသိပညာပေး” Talk Show အား ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုး က ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်တွင်းအကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)နှင့် တရားလွှတ်တော်ရှေ့နေ ဆရာမ ဒေါ်ဝင့်ဝင့်အေး တို့က ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုအမျိုးအစားများ အကြောင်း၊ လူတို့၏ ဘဝကိုထိခိုက်နစ်နာစေနိုင်သည့် အကြောင်းအရာမှန်သမျှကို အကြမ်းဖက်မှုဟု ခေါ်ဆိုကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုခံရဆုံးမှာ အမျိုးသမီးအများစုဖြစ်ကြောင်း၊ မိသားစုအတွင်းရှိ ကလေးငယ်များ၊ မသန်စွမ်းကလေးငယ်များ၊ မှီခိုသူသက်ကြီးရွယ်အိုများနှင့် လိင်စိတ်ခံယူမှု ကွဲပြားသည့် ကလေးငယ်များမှာ အိမ်တွင်းအကြမ်းဖက်မှုခံရသူများဖြစ်ကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် ပတ်သက်၍ အမျိုးသမီးများအပေါ် ကာကွယ်ပေးထားသော ဥပဒေပုဒ်မများ အကြောင်းတို့ကို ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အလို့ငှာ အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)