ပေါက်ခေါင်း ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့အဝင်ဂိတ်တွင် ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ် နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာ များ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် မြို့အတွင်း ဝင်ရောက်လာကြသူများကို ပါးစပ်၊ နှာခေါင်းစည်း mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မည်သည့်အရပ်ဒေသမှ လာရောက်သည်ကို စစ်ဆေးမေးမြန်းခြင်း၊ mask ကို စနစ်တကျ တပ်ဆင်သွားလာရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သွားလာရေး အသိပညာပေးပြောကြားခြင်း၊ ရောဂါ ပြန့်ပွားမှုထိန်းချုပ်နိုင်ရေး ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့တွင် ပြည်ပနိုင်ငံမှ ပြန်ရောက်လာသူများနှင့် (Stay at Home) သတ်မှတ်ထားသော မြို့နယ်များမှ ပြန်ရောက်လာ သူများ Quarantine ဝင်ရောက်နေထိုင်ရန်အတွက် မြို့မအားကစားခန်းမ ကို ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သန်းထွန်းအောင်