ကျိုက်မရော ဇူလိုင် ၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အသက်တစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နေ့လည်၁နာရီအချိန်က ကလိုင်းကနိုင်ကျေးရွာ ကျန်းမာရေး ဆေးခန်း ၌ပြုလုပ်သည်။
အဆိုပါ အသက်(၁)နှစ်အောက်ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ) ပြင်းထန် အဆုတ် ရောင်ရောဂါ၊ဝမ်းပျက်ဝမ်းလျောရောဂါစသည့် ငါးမျိုးစပ်ကာကွယ်ဆေးများ၊ အသက်အရွယ် အလိုက် ပုံမှန်ထိုးနှံပေးလျှက်ရှိပြီး မြို့ပေါ်ရပ်ကွက်များရှိ ကျန်းမာရေးဆေးပေးခန်းများ၌ သာမကကျေးရွာ အုပ်စုများ၌လည့်းစုရပ်များထားရှိကာ သက်ဆိုင်ရာနယ်မြေခံကျန်းမာရေးဝန်ထမ်းများ ကအိမ်တိုင်ရာ ရောက်ကွင်းဆင်းထိုးနှဲ ပေးလျက်ရှိသည့်အပြင် ကိုယ်ဝန်ဆောင် မိခင်များအားလည်း ပုံမှန် ကာကွယ်ဆေးထိုးပေးခြင်း၊ဆေးတိုက်ခြင်းများကိုပါလစဥ်လဆန်းရက်များ၌ကွင်းဆင်းဆောင်ရွက်၍ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း ကျေးလက် ကျန်းမာရေးဌာနခွဲမှဘက်စုံသားဖွားဆရာမဒေါ်ပေါက်ပေါက်ထံမှသိရသည်။
ချိုမြတ်မြတ်ထွေး