ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှစ်ဦး ထပ်မံတွေ့ရှိ

 

 

ဆိပ်ကြီးခနောင်တို ဇူလိုင် ၂

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယမန်နေ့နံနက် ၁၁ နာရီ အချိန်ခန့်က ဦးထွန်းအို ရပ်ကွက်‌တွင် နေထိုင်သည့်အသက်(၃၀)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ပန်းပင်ချောင်ရပ်ကွက်တွင် နေထိုင်သည့် အသက်(၅၂)နှစ်အရွယ် အမျိုးသမီးတို့မှာ နေမကောင်းဖျားနာသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသရာ ဆေးရုံအုပ်ကြီးက Rapid Test Kits ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသူနှစ်ဦးအား မြို့နယ် ပြည်သူ့ဆေးရုံရှိ Isolation Room တွင် ထားရှိကုသပေးသွားမည်ဖြစ်ပြီး ၎င်းတို့၏ အတူနေမိသားစုဝင်များအား နေအိမ်တွင် ( Home Quarantine) ထား၍ စောင့်ကြည့်သွားမည်ဖြစ်ပြီး၊ ၎င်းတို့နေထိုင်သည့် နေအိမ်နှင့်ပတ်ဝန်းကျင်အား ပိုးသတ်ဆေးဖြန်းခြင်းနှင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက အလေးထား ကြီးကြပ်ဆောင်ရွက် လျက်ရှိသည်။

 

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ဇွန် လ (၃၀)ရက်နေ့တွင် အတည်ပြုလူနာတစ်ဦး၊ ဇူလိုင် (၁)ရက်နေ့တွင် အတည်ပြုလူနာ နှစ်ဦးစုစုပေါင်း ကိုဗစ်-၁၉  အတည်ပြုလူနာ သုံးဦးတွေ့ရှိထားပြီးဖြစ်ကြောင်းလည်း မြို့နယ် ကိုဗစ်-၁၉‌‌ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်‌ရေး ကော်မတီမှ သိရသည်။

 

ဝေယံ