သတင်းများ

ရေဇွာမြို့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းများအား ထုတ်ပြန်ကြေညာ
Aug 05,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်များတွင် အသက်၁၈နှစ်ပြည့်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်၍ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန်ကြေညာလျက်ရှိကြောင်းသိရသည်။
လယ်ဝေးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနောက်မျောပါပျက်စီးဆုံးရှုံး သွားသည့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်
Aug 05,2020
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် ဩဂုတ်(၃)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေနောက်မျောပါပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများ အား ယမန်နေ့နံနက် (၁၁) နာရီခွဲ က နေပြည်တော် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ကျေးရွာများသို့ သွားရောက် ပေးအပ်ခဲ့သည်။
ဝိုင်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ ဆန္ဒမဲပေးခွင့် မရှုံးဆုံးစေရေးအတွက် ကွင်းဆင်းဆောင်ရွက်
Aug 05,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာလ (၈)ရက် နေ့တွင်ကျင်းမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့် မရှုံးဆုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ (၇) ရက်နေ့ထိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် ကပ်ထား ကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့သည်။
ပြင်ဦးလွင်မြို့နယ်အတွင်း Outdoor Fitness အားကစားပစ္စည်းများ တပ်ဆင်အသုံးပြု
Aug 05,2020
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောင်းများ၊ ဌာနဆိုင်ရာများနှင့် လူစည်ကားရာနေရာများတွင် ကျန်းမာရေးအတွက် အသုံးပြုရန် Outdoor Fitness Equipment အားကစားပစ္စည်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်၏ဦးဆောင်မှုဖြင့်ဇူလိုင်မှစတင်ပြီး ပေးအပ်တပ်ဆင်ကာ ကျန်းမာရေးလှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် Cash for Work စီမံကိန်း လုပ်ငန်းခွဲ (၁၅)ခုဖြင့်ဆောင်ရွက်
Aug 05,2020
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေများရရှိစေရန် Cash for Work စီမံကိန်းကို ဖော်ဆောင်ရန် စီစဉ်လျက်ရှိရာ တမူးခရိုင်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် လုပ်ငန်းခွဲ (၁၅)ခု ကို အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိကြောင်း တမူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာခင် ၏ ပြောကြားချက်အရ သိရသည်။
တနင်္သာရီမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ခေါင်မိုးလန်/ပြိုကျပျက်ဆီးမှုဖြစ်ပွား
Aug 05,2020
ယမန်နေ့ နံနက် ၃ နာရီအချိန်ခန့်က တနင်္သာရီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုအလိုက် အောက်ပါနေအိမ်များသည် ခေါင်မိုးလန်ခြင်း/ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့သဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့များက ကူညီထောက်ပံ့ရေးအတွက် ကွင်းဆင်းဆောင်ရွက်နေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
လူငယ်များအတွက် ဒီမိုကရေစီနိုင်ငံသား ကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေးသင်တန်းပို့ချ
Aug 05,2020
Myanmar Network Organization for Free and Fair Elections (MYNFREL)နှင့် မိုင်းရှူး မြို့နယ် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ လူငယ်တို့ ပူးပေါင်း၍ လူငယ်များ အတွက် ဒီမိုကရေစီ နိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေး သင်တန်းကို မိုင်းရှူးမြို့၊ ရပ်ကွက်(၂)ခန်းမ၌ ပို့ချ လျက်ရှိရာ MYNFREL မှ မန်နေဂျာ ဦးမင်းသုမောင်က ပထမအကြိမ် မဲဆန္ဒရှင် လူငယ်များ ဒီမိုကရေစီ နိုင်ငံသားကောင်းနှင့် မဲဆန္ဒရှင် ဆိုင်ရာ အသိ ပညာများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ သင်တန်းတွင် ဒီမို ကရေစီ၏ အခြေခံအင်္ဂါရပ်များ၊ လူငယ်နှင့် လူမှုအသိုင်းအဝန်း အကြောင်းများ၊ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း နှင့် သရုပ်ပြ တင်ဆက်ခြင်းများ၊ ပြန်လည် လန်းဆန်းစေရန် ဂိမ်းကစားခြင်းများ ပါဝင်ကြောင်း သိရသည်။
ရွှေသောင်ယံကျေးလက် ကျန်းမာရေးဌာနခွဲ၌ မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် ပထမပတ် ဟောပြောပွဲ ပြုလုပ်
Aug 05,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ရွှေသောင်ယံ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကိုယ်ဝန်ဆောင် မိခင်များအား မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ် ပထမပတ်ကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဆေးခန်းတွင် ဟောပြောပို့ချခဲ့ သည်။