သတင်းများ

မော်လမြိုင်မြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 03,2021
ဇူလိုင်(၃)ရက်နေ့ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၂၀၂၁ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်၈နာရီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မုရောင်းကျေးရွာ မြဆည်းဆာ ဘိုးဘွားရိပ်သာဝင်း၌ စိုက်ပျိုးခဲ့ကြသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ယနေ့ နံနက် ၇ နာရီ ၃၀ အချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်ပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ
Jul 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က လွယ်အွန့်ကျေးရွာ အုပ်စု၊ စခွီကျေးရွာ တွင်ပြုလုပ် ခဲ့သည်။
တာလေမြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jul 03,2021
၂၀၂၁ ခုနှစ် မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင် သစ်တောသစ်ပင်များ စိမ်းလမ်းစိုပြည်‌ရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် သဘာဝသစ်တောများ ကာကွယ်ထိန်းသိမ်းနိုင်ရန် သစ်တောဦးစီးဌာနက စီစဉ်မှုဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပွဲတော်ကို မိုင်းလင်း (အနောက်)ကျေးရွာအုပ်စုရှိ မိုင်းလင်းဆရာတော် ဘုရားကြီးကျောင်းဝင်းအတွင်း ယနေ့ နံနက် ၈ နာရီ က ကျင်းပသည်။
မုဒုံမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပွဲ ကျင်းပ
Jul 03,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့၌ ၂၀၂၁ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကို ရွှေဟင်္သာဂေါက်ကွင်းတွင် ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပူတာအို၌ ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းဖွင့်
Jul 03,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ဦးဆောင်မှုဖြင့် ကျေးရွာအဆင့်ခေါင်းဆောင်မှုနှင့်အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုး ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း
Jul 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်တွင် သံဃာတော်များ ကိုဗစ်-၁၉ ကာလအတွင်း ဆွမ်းခံမထွက်ရသဖြင့် ကိုဗစ်စည်းကမ်းများနှင့်အညီ သီတင်းသုံးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ဇေယျဝတီ​စာသင်တိုက်နှင့် ဇောတိကာရုံ စာသင်တိုက်များသို့ လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မိသားစုမှ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပွဲတော် ပြုလုပ်
Jul 03,2021
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးမိသားစုဝန်ထမ်း အိမ်ရာ၌ စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ကြသည်။