၂၀၂၁ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပဲခူး ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး တော်ဝင်ဟံသာစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉နာရီက ၂၀၂၁ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဝင်(၄) ဦးအောင်မင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ဆက်စပ်ဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ၊ အမျိုးသမီးအရေးကို ဆောင်ရွက်နေသော မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ အမျိုးသမီး အားကစားအဖွဲ့ချုပ် အမျိုးသမီးအဖွဲ့များနှင့် ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီကို (၁၉.၅.၂၀၂၁)ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ဒီကော်မတီရဲ့ဦးဆောင်မှုနဲ့ ခရိုင်(၄)ခုနဲ့ မြို့နယ် (၂၈)မြို့နယ်မှာ အသီးသီး ပြန်လည်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ မနက်ဖြန် ဇူလိုင်လ (၃)ရက်နေ့မှာ နိုင်ငံတော်အဆင့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်းအနားကို နေပြည်တော် Inperon နဲ့ တစ်ဝက်၊ Zoom Linkနဲ့ တစ်ဝက် ကျင်းပမှာဖြစ်ပြီး ကျွန်တော်တို့လည်း Zoom Linkနဲ့ ပါဝင်တက်ရောက်ရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေနဲ့ အမျိုးသမီးများ ဘဝလုံခြုံရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ ပြည့်မီရေးကို မူဝါဒများ၊ နည်းဗျူဟာ များ၊ လုပ်ငန်းအစီအစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပြီး အားသွန်ခွန်စိုက် ဆောင်ရွက်နေသလို အမျိုးသမီးအရေးကို အားကြိုးမာန်တက်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတို့ ကလည်း အမျိုးသမီးများ တွေ့ကြုံခံစားနေရတဲ့ အခက်အခဲ ပြဿနာတွေကို ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက အမျိုးသမီးများနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးနေသော လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး၊ တိုင်းဒေသကြီးအဆင့် ကော်မတီဝင်များက ကဏ္ဍအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဝင်(၄) ဦးအောင်မင်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး မေတ္တာလက်ဆောင် ကံစမ်းမဲများ ဖောက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်