ဒဂုံ ဇူလှိုင် ၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံမှု မရှိစေရန်အတွက်ယနေ့ နံနက်(၇:၀၀)နာရီတွင် ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရှေ့တွင် Mask Campaign များဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ ဆောင်ရွက် ရာတွင် ကိုဗစ်-၁၉ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်တို့က အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီးအား နှာခေါင်းစည်း (Mask) များအား ပေးအပ်လှုဒါန်းပြီး မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူး၊ လက်ထောက်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိဝန်ထမ်းများကကျောင်းသား/ကျောင်းသူများကိုကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်နိူင်စေရန်အတွက် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။