ကြံခင်း. ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲ အချိန်က ကြံခင်းမြို့ ဧရာဦး ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် မြို့နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိန်းတန်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ဟင်္သာတခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန. လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ခင်မေဝင်း ကျော် ကကော်မတီ၏ လုပ်ငန်းစဉ်များအား ရှင်လင်းဆွေးနွေးပါသည်။
ဆက်လက်ပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီနှင့် မြို့နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှုး ဒေါ်မြတ်မြတ်သိန်းမှ လူမှုဝန်ထမ်းဦးစီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများနှင့် ဖြစ်ပေါ်လာနိုင်သည့် အမျိုးသမီးကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပါသည်။
ထိုနောက်တတ်ရောက်လာကြသော ကော်မတီဝင်များနှင့် အပြန်အလှန် ဆွေးနွေးကြပြီး မြို့နယ်ကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်ပြောကြားခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဟင်္သာတခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ခင်မေဝင်းကျော် ၊ မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် မြို့နယ်အမျိုးသမီး ကော်မတီ ဥက္ကဋ္ဌ ၊အတွင်းရေးမှုးနှင့်အဖွဲ့ဝင်များ တတ်ရောက်ခဲ့ကြကြောင်းသိရသည်။