မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအထောက်အကူပြု (VRFP)ရန်ပုံငွေပေးအပ်
Aug 05,2020
နိုင်ငံတော်၏ ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်ကိုအထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ် တောင်သူ များ စိုက်ပျိုးမွေးမြူရေး နှင့် အသေးစားစီးပွားရေးများအတွက် လိုအပ်သောအရင်းအနှီး များရရှိစေရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေး အရင်းအမြစ်ရရှိရေး ဆောင်ရွက်နိုင်စေရန်တို့အတွက် ရည်ရွယ်၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှဆောင်ရွက်သော ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ခြင်းကို ဩဂုတ်လ(၅)ရက်နေ့ နံနက်(၁၀)နာရီက မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။