သတင်းများ

ဒိုက်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ ထားရှိရေးစင်တာ ပြင်ဆင်ဆောင်ရွက်
Jul 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက် လျက်ရှိရာ ‌မြို့နယ်အတွင်း ကိုဗစ် ရောဂါ သံသယလူနာများ ထားရှိကုသရေး စင်တာကိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ‌ကြီးကြပ်မှုတို့ ဖြင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ ဝန်ထမ်းများနှင့်၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့များက ပူးပေါင်း၍ ဇူလိုင်လ ၃ ရက်နေ့က အ.ထ.က(၁)ကျောင်း၌ ကိုဗစ်စင်တာ ဆောင်ရွက်သည်။
မင်းဘူးမြို့၌ ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ
Jul 03,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ တော်ကို ယနေ့ နံနက် ၈ နာရီအချိန် က မင်းဘူး-အမ်း ကားလမ်းဘေးရှိ ဘိုးဘွားရိပ်သာဝန်းအတွင်း၌ ကျင်းပခဲ့သည်။
စစ်တွေမြို့နယ်၌ အခြေခံဇာထိုး၊ ပန်းထိုးသင်တန်း ဖွင့်လှစ်ပို့ချ
Jul 03,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံဇာထိုးပန်းထိုး သင်တန်းကို ဇူလိုင်လ ၁ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ကျေးရွာချင်းဆက် လမ်းတစ်လျှောက် စုပေါင်းသစ်ပင်စိုက်ပျိုး
Jul 03,2021
မွန်ပြည်နယ်၊ သထုံမြိုနယ်၊ မရမ်းကုန်းကျေးရွာနှင့် ထိန်ပင်ကျေးရွာချင်းဆက် လမ်ဘေးဝဲယာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သထုံခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းနှင့် ဒေသခံပြည်သူများပူးပေါင်းကာ ယနေ့နံနက်က စုပေါင်း သစ်ပင်စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး
Jul 03,2021
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈နာရီက ဆိပ်ဖြူ - ဆော - ကန်ပက်လက်ကားလမ်း မိုင်တိုင်အမှတ် ၁၉ မိုင် ၆ဖာလုံ သပြေကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ကျောက်တံခါးမြို့နယ် မိုးရာသီ သစ်ပင်စိုက်ပွဲ အခမ်းအနား တက်ရောက်
Jul 03,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်(၁၀)နာရီအချိန်၌ ကျောက်တံခါးမြို့နယ်၊ အိုင်တုံကွန်ကြိုးဝိုင်း၊ အကွက်အမှတ် (၇၇)ရှိ ရဲနွယ်ပျိုးဥယာဉ်တွင်ပြုလုပ်သည့် ၂၀၂၁ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ပခုက္ကူမြို့၌ “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၇၈)ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၀၆)ခု ဆောင်ရွက်ပြီးစီး
Jul 03,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူမြို့နယ် ဦးစီးမှူးရုံး က “ပန်းခင်း” စီမံချက်ဖြင့် ဇွန်လကုန်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၇၈)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၁၀၆) ခု ဆောင်ရွက်ပြီးကြောင်း သိရသည်။
မင်းတုန်းမြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပွဲ ကျင်းပ
Jul 03,2021
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာအုပ်စုတွင် မိုးရာသီသစ်ပင်စိုက်ပွဲ ယနေ့နံနက် ၉ နာရီက ပြုလုပ်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်သစ်တော ဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများ ပူးပေါင်း၍ သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။