ဒိုက်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ ထားရှိရေးစင်တာ ပြင်ဆင်ဆောင်ရွက်

ဒိုက်ဦး ဇူလိုင်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာမြို့နယ်အတွင်း ကိုဗစ် ရောဂါ သံသယလူနာများ ထားရှိကုသရေး စင်တာကိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏  ‌ကြီးကြပ်မှုတို့ ဖြင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ ဝန်ထမ်းများနှင့်၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့များက ပူးပေါင်း၍ ဇူလိုင်လ ရက်နေ့က ..က()ကျောင်း၌ ကိုဗစ်စင်တာ ဆောင်ရွက်သည်။

အလားတူပင် မြို့နယ်ပြည်သူ့ဆေးရုံဟောင်း၊ ဖောင်တော်သီတိုက်နယ်ဆေးရုံနှင့် ပြည်သူ့အားကစား ကွင်းရှိ မိုးလုံလေလုံအားကစားရုံတို့၌ လည်း ကိုဗစ်စင်တာများ ထားရှိပြီး လိုအပ်သည့် ရေ၊ လျှပ်စစ်မီး၊ သန့်ရှင်းရေး စသည်တို့ကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှလည်း ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိသည်။

ယခုအခါ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၈၄)ဦး တွေ့ရှိထားပြီး ()ဦး သေဆုံး သွားပြီဖြစ်ရာ ကိုဗစ်လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံ၊ ဖောင်တော်သီတိုက်နယ် ဆေးရုံတို့၌ လတ်တလော သီးသန့်ထားရှိ ကြပ်မတ်ကုသပေးလျက်ရှိကြောင်း သိရသည်။