ကျေးရွာချင်းဆက် လမ်းတစ်လျှောက် စုပေါင်းသစ်ပင်စိုက်ပျိုး

သထုံ ဇူလိုင် ၃

 

မွန်ပြည်နယ်၊ သထုံမြိုနယ်၊ မရမ်းကုန်းကျေးရွာနှင့် ထိန်ပင်ကျေးရွာချင်းဆက် လမ်ဘေးဝဲယာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သထုံခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းနှင့် ဒေသခံပြည်သူများပူးပေါင်းကာ ယနေ့နံနက်က စုပေါင်း သစ်ပင်စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

 

သစ်ပင် စိုက်ပျိုးရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် မရမ်းကုန်း-ထိန်ပင် ကျေးရွာချင်း ဆက်လမ်း၊ ကွန်ကရစ်လမ်း တစ်မိုင်၏ လမ်းဘေးဝဲယာတလျှောက် သင်္ဃန်း၊ မန်ဂျန်ရှား၊ စိန်ပန်း၊ မဟော်ဂနီ၊ ပိတောက် စသည့် အရိပ်ရနှစ်ရှည်ပျိုးပင် စုစုပေါင်း ၂၅၀ အား ဝန်ထမ်းများနှင့် ဒေသခံရွာသူ ရွာသားတို့ ပူးပေါင်းကာ တပျော်တပါး စုပေါင်း စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)