သတင်းများ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့တွင် သစ်ပင်ပြိုလဲခြင်းနှင့် နေအိမ်(၁)လုံးပြိုကျပျက်စီး
Aug 05,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ က မြို့နယ် အတွင်းရှိ သက္ကောကျေးရွာအုပ်စု ပလိုင်ဝမ်းကျေးရွာနှင့် ကမာကေးကျေးရွာတို့တွင် သစ်ပင်ပြိုလဲ ခြင်းနှင့် သစ်ပင်ပိ၍ နေအိမ်တစ်လုံးပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။
သာယာဝတီမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ကွင်းဆင်းဆောင်ရွက်
Aug 05,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲမဲဆန္ဒရှင် စာရင်းများမှ နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက သာယာဝတီမြို့နယ် ဇီးပွဲကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 05,2020
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်၊ မိုးရာသီကာလအတွင်း ဖြစ်ပေါ် ခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား ထောက်ပံ့ ငွေ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တာချီလိတ်မြို့တွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းဟောင်းများအား အခြေခံ စားသောက် ကုန်များထောက်ပံ့
Aug 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ တာဝန် ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်း ဟောင်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် ခရိုင်ရုံးခန်းမ၌ ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းရှိ ကျေးရွာ(၆) ရွာသို့ VRFP ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်
Aug 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ( Village Revolving Fund Project - VRFP ) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ( ၆ ) ရွာသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က အင်းတော်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ် ခုံကြီးအုပ်စု၌ ဝက်မွေးမြူထုတ်လုပ်ရေးသင်တန်းဖွင့်လှစ်ပို့ချ
Aug 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ခုံကြီးအုပ်စုတွင် မြို့နယ်မွေးမြူနှင့် ကုသရေး ဦးစီးဌာနမှ ဝက်မွေးမြူထုတ်လုပ်ရေး သင်တန်းကို ယမန်နေ့မှ ဩဂုတ်လ(၆)ရက်နေ့ထိ ခုံကြီးအုပ်စုလူထုဗဟိုပြုဘက်စုံသုံးခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး ကံမမြို့နယ်၌ အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆွေးနွေး
Aug 05,2020
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၃)ရပ်ကွက် ယွန်းကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မာရုံတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဖရိက ဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေး အသိ ပညာ ပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိတစ်ပိုင်တနိုင် ဝက်မွေးမြူရေး လုပ်ကိုင်သူများ တက်ရာက်ခဲ့ကြသည်။
ဝေါလေမြိုင်မြို့တွင် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုကြရန် နှိုးဆော်ခြင်းဆောင်ရွက်
Aug 05,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် ပထမအကြိမ်မဲစာရင်းများ ကြေညာခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုကြရန် ယနေ့ နံနက်ပိုင်းက ရပ်ကွက်အတွင်း နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။