မင်းတုန်း ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာအုပ်စုတွင် မိုးရာသီသစ်ပင်စိုက်ပွဲ ယနေ့နံနက် ၉ နာရီက ပြုလုပ်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်သစ်တော ဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများ ပူးပေါင်း၍ သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။
သစ်ပင်စိုက်ပွဲတွင် ကျွန်းပင်(၅၀၀)၊ မယ်ဇလီ(၅၀၀)၊ လျှော်ဖြူ(၄၀၀)၊ အင်ကြင်း(၅၀)၊ မန်ဂျန်ရှား(၅၀၀)၊ သင်းဝင်(၁၀၀)၊ ပိတောက်(၅၀)နှင့် ပျဉ်းကတိုး(၁၀၀) စုစုပေါင်း အပင်(၂၂၀၀) စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ စိုက်ပျိုးခဲ့သော သစ်ပင်များ အားလုံးရှင်သန် ကြီးထွားရေးအတွက် မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများက ပြုစုထိန်းသိမ်းမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)