ဆိပ်ဖြူ ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈နာရီက ဆိပ်ဖြူ - ဆော - ကန်ပက်လက်ကားလမ်း မိုင်တိုင်အမှတ် ၁၉ မိုင် ၆ဖာလုံ သပြေကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ဒေသတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်၍ ဒေသတွင်းအပူချိန်များ လျော့ချနိုင် ရန်နှင့် ဂေဟစနစ်များ ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ် လာနိုင်သည့် သဘာ၀ ဘေးအန္တရာယ်ဆိုးများ ကာကွယ် ဆောင်ရွက်နိုင်စေရန်နှင့် ဒေသခံပြည်သူများစုပေါင်း၍ သစ်တော သစ်ပင်များကို ပြုပြင်ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရှိရပြီး မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ကျွန်း ၊ ယင်းမာ၊ ယူကလစ်၊ တမာ သစ်မျိုးများအပါအဝင် သစ်မျိုးစုံအပင် (၅၀၀) စိုက်ပျိုးခဲ့ ကြောင်း သိရှိရသည်။
ကိုဇွဲ (အညာမြေ)