ပင်လယ်ပြင် ငါးဖမ်းသင်္ဘောများ စစ်ဆေးရေးစခန်းသစ် တည်ဆောက်မည့်နေရာအား ကွင်းဆင်းစစ်ဆေး
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်နှင့် အမာမြို့တို့တွင် ပင်လယ်ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသော ရေလုပ်ငန်းရှင်များနှင့်ရေလုပ်သားများအား ၂၀၂၀ -၂၀၂၁ ခုနှစ် ငါးဖမ်းလုပ်ငန်းရာသီအတွက် တရားမဝင်ငါးဖမ်းဆီးမှုများနှင့် လုပ်ငန်းခွင်ရေလုပ်သားများ ဘေးကင်းလုံခြုံမှုရှိစေရေး၊ လူကုန်ကူးမှုပပျောက်ရေး တရားဝင်မှတ်ပုံတင်ထားသော ရေလုပ်သားများသာ လုပ်ငန်းခွင်ဝင်ရောက်စေရေး စသော စည်းကမ်းတကျ လုပ်ငန်းလုပ်ကိုင် စေရေး အတွက် ယမန်နေ့ နေ့လယ် (၁၂)နာရီက ခါးပြတ်ကျေးရွာ စစ်ဆေးရေးဂိတ် တည်ဆောက်မည့်နေရာအား ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။