သတင်းများ

ဆောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်ထားရှိဆောင်ရွက်
Jul 04,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်မှုများ မဖြစ်ပေါ်စေရန်အတွက် မြို့အဝင်၊ အထွက် မြို့မဘောလုံးကွင်းအနီး၌ စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။
အုတ်တွင်းမြို့နယ်၌ စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ခြင်း ရှိ/မရှိ စစ်ဆေး
Jul 04,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များအား ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် Facility Quarantine ဆောင် နေရာအား သန့်ရှင်းရေးနှင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်
Jul 04,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်၏ လိုအပ်ချက်အရ Facility Quarantine ဆောင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် မြို့နယ်ခန်းမအား ကြိုတင်ပြင်ဆင်ခြင်း နှင့် ၄ထပ်ဆောင် (Facility Quarantine ) အဆောက်အဦ မွမ်းမံခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီခွဲက စုပေါင်းဆောင်ရွက် ခဲ့ကြသည်။
မိုးကောင်းမြို့၌ COVID-19ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်
Jul 04,2021
COVID-19ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရန်အတွက်တိုင်းဒေသကြီးနှင့် ပြည်နယ်အ သီးသီးတွင် Mask Campaign များပြုလုပ်လျက်ရှိပြီး ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မိုးကောင်းမြို့ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ လူစည်ကားရာ မန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းမ မီးပွိုင့်လမ်းဆုံ၊ မြို့မဈေးနှင့် ပျံကျ ဈေးများတွင် ပြည်သူလူထုအား COVID-19ရောဂါကာကွယ်ရေးဆိုင်ရာ Maskများ ဝေငှခြင်း ကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ နှာခေါင်းစည်းများတပ်ဆင် သွားလာရေး Mask Campaign ဆောင်ရွက်
Jul 04,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အတွင်း လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်းများတပ်ဆင်ရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယမန် နေ့ နံနက် ၈ နာရီအချိန်က မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေဘေးအန္တရာယ်ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများအား  Life Jacket များ စနစ်တကျဝတ်ဆင်ရေး အသိပညာပေးဆောင်ရွက်
Jul 04,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အနေဖြင့် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ များမှ ရေလမ်းခရီးဖြင့်သွားလာကြသော ပြည်သူများကျောင်းသား/သူများနှင့် မြို့မဈေးကြီးသို့ ဘုတ်၊ စက်လှေများဖြင့် ဈေးဝယ်ရန်လာရောက်ကြသော ပြည်သူများအား အသက်ကယ် အင်္ကျီ(Life Jacket)များ စနစ်တကျဝတ်ဆင်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက အဆိုပါနေရာများသို့သွားရောက်ပြီး လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့တွင် အသက်(၈၀)နှစ်အထက် သီလရှင်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများလှူဒါန်း
Jul 04,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အသက်(၈၀)နှစ် အထက် သီလရှင်ကြီးများအား လှူဖွယ်ပစ္စည်း(၅)မျိုးနှင့် ဝတ္ထုငွေလှူဒါန်းခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ဝေဘူချောင် သာသနာနယ်မြေ ပညာပါရမီ သီလရှင်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ မဟာဘွဲ့နှင်းသဘင်နှင့် စူဠဘွဲ့နှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ
Jul 04,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ဝိနည်းစာပြန်ပွဲ စာအောင်သံဃာ/ သီလရှင်များအား စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည့် မြို့နယ်လုံးဆိုင်ရာမဟာဘွဲ့ နှင်းသဘင်နှင့် စူဠဘွဲ့နှင်းသဘင်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့က ကံကြီး/မကျီးရပ်ကွက်၊ ဓမ္မိကာရုံကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။