သတင်းများ

ပင်လုံမြို့၌ ကာကွယ်ဆေး ထိုးခြင်း/ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်
Aug 05,2020
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပင်လုံ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပင်လုံမြို့ နောင်မိန်းကျေးလက်ကျန်းမာရေး ဌာနခွဲ၊ ကောင်းပုံကျေးရွာ၌ ၁၅ နှစ်အောက် ကလေးများအား ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများ အား ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရေတိုက်စားမှုကြောင့် ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အဝင်လမ်းမပေါ်မှ တံတားကျိုးကာ ရေစီးထဲ‌မျောပါ
Aug 05,2020
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့တွင် ဩဂုတ်လ ၄ ရက်နေ့ ည ၇ နာရီခွဲအချိန်က ပိန်းဇလုပ်မြို့ တိုက်နယ်ဆေးရုံရှေ့ မြို့အဝင်လမ်းမပေါ်ရှိ တံတားကျိုးကျကာ ရေစီးထဲမျောပါ သွားကြောင်း သိရသည်။
မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း (Mask)နှင့် လက်သန့်ဆေးရည်(Hand Gel)များ လာရောက်လှူဒါန်း
Aug 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အာရှတောင်သတ္တုတူးဖော်ရေးကုမ္ပဏီမှ နှာခေါင်းစည်း(Mask)နှင့် လက်သန့်ဆေးရည်(Hand Gel) များကို ယနေ့ နံနက် ၈ နာရီက လာရောက်လှူဒါန်းခဲ့သည်။
မြန်အောင်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှု ကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Aug 05,2020
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင် မြန်အောင်‌တာမိုင် ၆/၇ နှင့် ၇/၀ အတွင်း လွန်ဆေးမြိုင် ပန်းခြံအနီးကမ်းပြိုမှု ဖြစ်ပေါ်နေ၍ ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ ဆက်လက် ဆောင်ရွက် လျက်ရှိရာ အမှတ်(၅) တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်း ဒုတိယဗိုလ်မှူးကြီး မြတ်လင်းမောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုတို့ ဦးဆောင်စီမံမှုဖြင့် ကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လက်ပံတန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးပိုစတာနှင့် လက်ကမ်း စာစောင်များအား ပြည်သူ့လက်ဝယ်အရောက်ဖြန့်ဝေ
Aug 05,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကျင်းပရာတွင် ပထမအကြိမ် မဲဆန္ဒရှင်များစာရင်း ကြေငြာထားရှိမှုအပေါ် ရှင်းလင်းတိကျစွာ သိရှိနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်း များဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင် စာရင်းတွင် သင့်အမည်ပါဝင်ပါသလား အသိ ပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက လက်ပံတန်းမြို့မစျေးနှင့် လူစည်ကားရာနေရာတို့တွင် ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
မိုင်းနောင်မြို့တွင် အသက်(၆)လမှ (၅)နှစ် အထိ ကလေးများအား သန်ချဆေးနှင့် မျက်စိအား တိုးဆေး(ဗီတာမင်-အေ)တိုက်ကျွေး
Aug 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့တွင် အသက်(၆)လမှ (၅) နှစ်အထိ ကလေးများအား ပုံမှန်တိုက်ကျွေးလျက်ရှိသော သန်ချဆေးနှင့် မျက်စိအားတိုးဆေး(ဗီတာမင်-အေ) ကို ယနေ့ နံနက်(၈)နာရီမှစ၍ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများကို ပုံမှန်ကာကွယ် ဆေး ထိုးနှံ တိုက်ကျွေး
Aug 05,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၂) နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးပေးခြင်း လုပ်ငန်းများကို (၂၉) ရပ်ကွက်၊ (၄၉) ရပ်ကွက် နှင့် (၅၁) ရပ်ကွက် ဓမ္မာရုံတို့တွင် ယနေ့ နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျေးရွာလူထုပူးပေါင်း၍ ကျေးရွာ မီးလင်းရေး ဖွင့်ပွဲကျင်းပ
Aug 05,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် မြို့ကြီးကျေးရွာအုပ်စု ထန်းတောဗောဓိကျေးရွာတွင် ယမန် နေ့ ညနေ ၆ နာရီက ကျေးရွာမီးလင်းရေးဖွင့်ပွဲ ပြုလုပ်ခဲ့ရာ ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးမြင့်ထွေး၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးထွန်းမြင့်‌မော်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။