သတင်းများ

ခန္တီးမြို့တွင် ယနေ့နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၃၂၆ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ် ရောက်ရှိရန် ၃၄ စင်တီမီတာသာလို
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၃၂၆ စင်တီမီတာအထိ မြင့်တက်ပြီး စိုးရိမ်ရေမှတ်ရောက်ရှိရန် ၃၄ စင်တီမီတာပဲလိုတော့ ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
ဒဂုံမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်း ပြည့်စုံမှန်ကန်မှုရှိရေး မြေပြင်ကွင်းဆင်းစစ်ဆေး
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်တွင်၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌  အခြေခံမဲဆန္ဒရှင်စာရင်းများပြည်စုံ မှန်ကန်မှုရှိရေးနှင့် ကျန်ရှိမှုမရှိရေ
မင်းဘူး(စကု)မြို့နယ်တွင် ကို​ဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော စပါးမျိုးစေ့ထုတ် တောင်သူများကို ထောက်ပံ့ငွေပေးအပ်သွားမည်
Aug 18,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ်တောင်သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
တာချီလိတ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာ ပြီးမြောက် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်တွင် ၂၀၂၀-ပြည့်နှစ်၊ပါတီစုံဒီမိုကေရစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဆန်ဆိုင်း(က) ရပ်ကွက်၊ ပုံလို့လမ်းရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရှိရသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ (၈၆၈၄) စုအား နိုင်ငံတော်မှ (တတိယအကြိမ်) ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်
Aug 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယမန်နေ့နံနက် ၁၁ နာရီက တနင်္သာရီမြို့နယ်၊ ရပ်ကွက်/ကျေးရွာအသီးသီးတို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၈၆၈၄) စုအား၊ နိုင်ငံတော်မှ (တတိယအကြိမ်) အဖြစ် ထပ်မံထောက်ပံ့ပေးအပ်သည့်ငွေ (၂၀၀၀၀) ကျပ်စီကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု (၂၆) စုတို့မှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြသည်။
ဒဂုံမြို့နယ်၌ အခြေခံမဲစာရင်းပြည့်စုံမှန်ကန်မှုရှိရေး တစ်အိမ်ချင်းအလိုက် ကွင်းဆင်းစစ်ဆေး
Aug 18,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်  ကျင်းပပြုလုပ်မည့်  ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ၌ အခြေခံမဲဆန္ဒရှင်စာရင်းများပြည်စုံ မှန်ကန်မှုရှိရေးနှင့်  ကျန်ရှိမှုမရှိရေးအတွက် မဲစာရင်းများ တစ်အိမ်ချင်းအလိုက် 
မြောင်းမြမြို့တွင် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်များပြသ
Aug 18,2020
မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြသပွဲကို ယမန်နေ့နံနက် ၉ နာရီက မြောင်းမြခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာမှုအား လာရောက်ကြည့်ရှုသူဦးရေ(၃၉၅၈၆)ဦးရှိ
Aug 18,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၀ပြည်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက်မဲဆန္ဒရှင်စာရင်းများ ကိုမြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများရှိရွေးကောက်ပွဲကောက်မရှင် အဖွဲ့ခွဲရုံးများတွင်ဇူလိုင်လ ၂၅ရက်မှ သြဂုတ်လ ၁၄ရက်နေ့ အထိ ထုတ်ပြန်ကြေညာ ပေးခဲ့ကြောင်းသိရသည်။