သတင်းများ

ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး လက်ကမ်း စာစောင်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Jul 12,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများနှင့် စျေးရောင်း၊ စျေးဝယ်ပြည်သူများ အား အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈) နာရီက လူစည်ကားရာနေရာများတွင် ဖြန့်ဝေ ဆောင်ရွက်ခဲ့သည်။
 သရက်မြို့ရှိ ယာယီပျံကျဈေးနှင့် အသားငါးဈေးတို့အား ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ အသိပညာပေးစစ်ဆေးခြင်း ဆောင်ရွက်
Jul 12,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင် များသည် မြို့မဈေးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော အသားငါးဈေးနှင့် ဗိုလ်ချုပ်အားကစားကွင်း အတွင်း ဖွင့်လှစ်ထားသော ယာယီပျံကျဈေးတို့တွင် ဈေးဆိုင်များ စနစ်တကျရောင်းချခြင်းရှိ/ မရှိနှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိတို့အား  အသိပညာပေးခြင်း၊ လှည့်လည်စစ်ဆေးခြင်းများ ယနေ့ နံနက် ၇ နာရီက  ပြုလုပ်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် ပင်ဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်မှုရာ နှုန်းပြည့်ပြီးစီး၍ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Jul 12,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပင်ဦးကျေးရွာအခြေခံပညာအလယ်တန်းကျောင်း တွင် ကျောင်းဆောင်သစ်အဆောက်အဦရာနှုန်းပြည့်ဆောက်လုပ်ပြီးစီးပြီဖြစ်၍ မြို့နယ်တည်ဆောက်ရေး ကော်မတီ အဖွဲ့တို့မှ ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ကျွန်းလှမြိုနယ်၌မိုးစပါးသီးနှံ ဧက ၃၄၀၀၀‌ ကျော်လျာထားစိုက်ပျိုးမည်
Jul 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ်မိုးစပါးသီးနှံ ဧက ၃၄၀၀၀ ကျော်လျားထား စိုက်ပျိုးမည်ဖြစ်ကြောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီ ကပြောကြားသည်။
ငဖဲမြို့နယ် ပေကုန်းကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲကျင်းပ
Jul 12,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပေကုန်းကျေးရွာအုပ်စုတွင် အမျိုးသား လျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း (NEP Phase-1 )ဖြင့် ဓနရာဇာကုမ္မဏီက ကျေးရွာမီးရရှိရေးကို ၂၀၂၀ ပြည့်နှစ် မတ်လ ကစတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် လမ်းမီးများ စတင်ရရှိ မည်ဖြစ်သည့်အတွက် လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ညနေ ၅ နာရီက ပေကုန်းကျေးရွာအဝင်တွင် ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းလှိုင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ ပေကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လုပ်ငန်းရှင်များနှင့် ပြည်သူများက အလှူငွေ (၄၆၄)သိန်း လှူဒါန်း
Jul 12,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့် ပြည်သူများက ကိုဗစ်-၁၉ ကာကွယ် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူ ပြုကော်မတီသို့ ယနေ့နေ့လယ်(၂)နာရီက ကွန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ညောင်ဦးမြို့ ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးမှ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်နေသော လူနာနှစ်ဦးကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်း
Jul 12,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာနှစ်ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ မွန်းလွဲ ၂နာရီခွဲအချိန်က ဆေးရုံဆင်း ခွင့်ပြုခဲ့ကြာင်း ညောင်ဦးခရိုင် ၊ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းထံက သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉အတည်ပြုလူနာ ( ၁၄၁ )ဦးရှိပြီဖြစ်
Jul 12,2021
ကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာ ( ၁၄၁ ) ဦး ရှိပြီ ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။